.
တောင်ကြီး၊ ဖေဖော်ဝါရီ ၂၆
.
တောင်ကြီးမြို့၊ ချမ်းသာရပ်ကွက်၊ ရှုခင်းသာလမ်းတွင်
ယနေ့ ဖေဖော်ဝါရီလ ၂၆ ရက်၊ ညပိုင်းက ကားတစ်စီး အရှိန်လွန်ပြီး နေအိမ်ဝင်းတံခါးအား ဝင်ရောက်တိုက်မိမှု
ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.
.“အသံကြားလို့ ထွက်ကြည့်တော့ ကားက အိမ်တံခါးကို ဝင်တိုက်မိနေတာ။
အဆင်းကြီးပြီး အရှိန်များတယ် ထင်ပါတယ်။ အဲဒီကားက ဒီနေ့ နေ့လယ်ကမှ ဘရိတ်ပြင်ထားတာလို့တော့
ပြောတယ်” ဟု တောင်ကြီးမြို့၊ ချမ်းသာရပ်ကွက်နေ ဒေသခံတစ်ဦးက ပြောသည်။
.
အဆိုပါ ယာဉ်မတော်တဆမှုကြောင့် လူ ထိခိုက်ဒဏ်ရာရမှု
မရှိခဲ့ဘဲ နေအိမ်သံပန်းဝင်းတံခါးနှင့် အိမ်ဝင်း အတွင်း ရပ်ထားသည့် ကားတစ်စီး အပြင်
အရှိန်လွန်ဝင်တိုက်ခဲ့သည့် SURF အမျိုးအစား ကားတစ်စီး ထိခိုက်
ပျက်စီးမှု ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
.
SURF ယာဉ် မောင်းနှင်သူများမှာ တောင်ကြီးမြို့၊ ရပ်တော်မူကျောင်းမှ
သံဃာများဖြစ်သည်ဟု သိရပြီး ကားမှာ ကျောင်းကားမဟုတ်ဘဲ ဒကာတစ်ဦး၏ ကားဖြစ်ကြောင်း သိရသည်။
.
#ShanGazette #Taunggyi
.
.jpg)
No comments:
Post a Comment