Saturday, April 11, 2026

🌸 ကျိုင်းတုံမြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀၀ ကျော် ဖမ်းမိ

.

၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၂ ရက်

.

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နယ်တွင် ဧပြီလ ၁၀ ရက်က စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀၀ ကျော်အား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

.

.

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ဧပြီလ ၁၀ ရက်၊ နံနက် ၈ နာရီခွဲခန့်က ကျိုင်းတုံမြို့နယ်၊ ဟွေဆိုင်းကျေးရွာနေ ဒေါမိနစ် (ခ) လော်ဂျူး ၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၇,၀၀၀ ပြား၊ ဒေသကာလတန်ဖိုးငွေကျပ် ၁၁၉ သိန်း အား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

.

ထို့အပြင် ယင်းနေ့ မွန်းလွဲ ၂ နာရီခန့်တွင် ကျိုင်းတုံမြို့နယ်၊ ဟွေပုံကျေးရွာအနီး၌ အားဒို မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ၎င်းထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၄,၀၀၀ ပြား၊ ဒေသ ကာလတန်ဖိုးငွေကျပ် ၂၈ သိန်းအား ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

.

သို့ဖြစ်၍ စိတ်ကြွရူးသွပ်ဆေးပြားများနှင့်အတူ ဖမ်းမိသူ ဒေါမိနစ် (ခ) လော်ဂျူးနှင့် အားဒိုတို့အား ကျိုင်းတုံ မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားပြီး ကွင်းဆက်များ ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

.

#ShanGazette #KyaingTong #Drugs

.

No comments:

Post a Comment