.
တောင်ကြီး၊ အောက်တိုဘာ ၁၄
.
ယခု ၂၀၂၅ ခုနှစ်၊ တောင်ကြီးမြို့တော် တန်ဆောင်တိုင်ပွဲတော်
မီးပုံးပျံပြိုင်ပွဲတွင် ပြိုင်ပွဲဝင် ညမီးကြီးနှင့် စိန်နားပန် မီးပုံးပျံ စုစုပေါင်း
အလုံးရေ ၈၀ ကျော် ပါဝင်လာနိုင်ကြောင်း သိရသည်။
.
.ထို့အပြင် ယခုနှစ်တွင် ယခင်နှစ်က ဝင်ရောက်ယှဉ်ပြိုင်ခွင့်
မပြုခဲ့သည့် ယမ်းပိသာချိန် ၄၀ ပါဝင်သော ၂၅ ပေ အရွယ် ညမီးကြီးပြိုင်ပွဲဝင်မီးပုံးပျံများလည်း
ပါဝင်လာမည်ဖြစ်ကြောင်းကြောင်း သိရသည်။
.
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်က ပြုလုပ်ခဲ့သည့် တောင်ကြီးတန်ဆောင်တိုင်ပွဲတော်
မီးပုံးပျံပြိုင်ပွဲတွင် ပြိုင်ပွဲဝင် ညလွှတ်မီးပုံးပျံ စုစုပေါင်း ၄၇ သာ ပါဝင်လွှတ်တင်ခဲ့ရာ
ယခုနှစ်တွင် ၂ ဆခန့် ပိုမိုများပြားလာခြင်း ဖြစ်ကြောင်း သိရသည်။
.
“မီးပုံးပျံတွေလည်း နှစ်ဆ တိုးလာတယ်။ ပွဲလာမယ့်
ဧည့်သည်တွေလည်း နှစ်ဆ တိုးလာနိုင်တယ်။ အခုတောင် မြို့ထဲမှာ ဧည့်သည်တွေ တော်တော်များနေပြီ။
တစ်ဘက်မှာတော့ ဆိုင်ခန်းလေလံဈေး တွေလည်း နှစ်ဆလောက် တိုးသွားတယ် ကြားတယ်။ ပွဲထဲမှာ
အစစအရာရာ ဈေးနှုန်းတွေလည်း နှစ်ဆလောက် ထပ်ပြီး တက်ဦးမယ့် သဘောပါပဲ” ဟု တောင်ကြီးဒေသခံတစ်ဦးက
၎င်း၏အမြင်ကို ပြောသည်။
.
ထို့အတူ နေ့လွတ်အရုပ်မီးပုံးပျံ ပြိုင်ပွဲဝင်များလည်း
ယမန်နှစ်ထက် ပိုမိုများပြားနိုင်ပြီး နေ့လွှတ် ပြိုင်ပွဲဝင်အဖွဲ့များ အတွက် လွှတ်တင်ရမည့်ရက်ကို
အောက်တိုဘာလ ၁၇ ရက်၊ နေ့လယ် ၁ နာရီတွင် ကန်ရှေ့ ရပ်ကွက်ရုံး၌
မဲနှိုက်သွားမည်ဖြစ်ကြောင်း သိရသည်။
.
ယခုနှစ် တောင်ကြီးမြို့တော်
တန်ဆောင်တိုင်ပွဲတော် မီးပုံးပျံပြိုင်ပွဲကို တောင်ကြီးမြို့၊
အဝေရာမီးပုံးပျံကွင်း တွင် အောက်တိုဘာလ ၂၉ ရက်မှ နိုဝင်ဘာလ ၄ ရက်အထိ
ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ပွဲတော်ပိတ်ပွဲနှင့် ဆုပေးပွဲကို နိုဝင်ဘာလ ၅
ရက်တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
.
#ShanGazette #Taunggyi #Tazungdai
.

No comments:
Post a Comment