Thursday, October 16, 2025

🌸 တောင်ကြီးတွင် စွန့်ပစ်ခံထားရသော အမျိုးသားအလောင်းတစ်လောင်း တွေ့ရှိ

.

တောင်ကြီး၊ အောက်တိုဘာ ၁၇

.

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့၊ မြို့မရပ်ကွက်၊ စဝ်စံထွန်းလမ်းတွင် ယမန်နေ့ အောက်တိုဘာလ ၁၆ ရက်၊ ညပိုင်းက စွန့်ပစ်ခံထားရသော အမျိုးသားအလောင်းတစ်လောင်း တွေ့ရှိခဲ့ကြောင်း သိရသည်။

.

.

သေဆုံးသူ၏ ရုပ်အလောင်းတွင် မီးလောင်ဒဏ်ရာနှင့် ကြိုးချည်ဒဏ်ရာများ တွေ့ရှိရပြီး မည်သူမည်ဝါဟု မသိရှိရသေးကြောင်း သိရသည်။

.

“အပိုင်းပိုင်းခုတ်ထားတာတော့ မဟုတ်ပါဘူး။ တစ်နေရာရာမှာသတ်ပြီး အလောင်းလာဖျောက်ထားတာလို့ သိရပါတယ်” ဟု သတင်းရင်းမြစ် တစ်ဦးက ပြောသည်။

.

ရုပ်အလောင်းကို ယမန်နေ့ ညတွင်းချင်းပင် သက်ဆိုင်ရာက လာရောက်ကောက်ယူသိမ်းဆည်းသွားခဲ့ပြီး တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံတွင် ရင်ခွဲစစ်ဆေးလျက်ရှိကြောင်း သိရသည်။

.

#ShanGazette #Taunggyi

.

No comments:

Post a Comment