Saturday, October 18, 2025

🌸 တောင်ကြီးတွင် တွေ့ရှိခဲ့သော လူသေအလောင်းနှင့်ပတ်သက်၍ ကျူးလွန်သူကို ဖမ်းမိ

.

တောင်ကြီး၊ အောက်တိုဘာ ၁၈

.

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့တွင် အောက်တိုဘာလ ၁၆ ရက်၊ ညပိုင်းက တွေ့ရှိခဲ့သော အမျိုးသားအလောင်းနှင့် ပတ်သက်၍ ကျူးလွန်သူကို ဖမ်းဆီးရမိထားပြီ ဖြစ်ကြောင်း သိရသည်။

.


.

တောင်ကြီးမြို့၊ မြိုမရပ်ကွက်၊ စဝ်စံထွန်းလမ်းတွင် အောက်တိုဘာလ ၁၆ ရက်၊ ညပိုင်းက အမည်မသိ အမျိုးသားအလောင်းတစ်လောင်း တွေ့ရှိခဲ့ခြင်းဖြစ်ပြီး အဆိုပါ အမျိုးသားမှာ သတ်ဖြတ်စွန့်ပစ်ခံရခြင်း မဟုတ်ဘဲ ကားဖြင့်ချိတ်ပါသေဆုံးခဲ့ခြင်းသာဖြစ်သည်ဟု သိရသည်။

.

တောင်ကြီးမြို့၊ မြို့မရပ်ကွက်နေ စိုင်းဆေးဟန် ဆိုသူသည် အောက်တိုဘာလ ၁၆ ရက်၊ ည ၈ နာရီခန့်က Honda Fit အဖြူရောင်ယာဉ်ဖြင့် စူဠာမုနိဘုရားသို့ သွားရောက်ခဲ့ပြီး ည ၉ နာရီခန့် ဘုရားမှ ပြန်လာချိန် ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်တွင် လမ်းဘေး၌ အိပ်ပျော်နေသူတစ်ဦးကို ကားဖြင့်တိုက်မိပြီး တရွတ်တိုက် ဆွဲပါလာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

ထို့နောက် ၎င်းနေထိုင်ရာ အိမ်အနီး အရောက် ကားကွေ့ချိန်တွင်မှ လူတစ်ဦး ချိတ်ပါလာသည်ကို တွေ့ရှိခဲ့ပြီး နောက် တိုက်မိသူကို လမ်းဘေးတွင်ချခဲ့ပြီး ကားကို ကံကြီးရပ်ကွက်၊ ရွှေတောင်ကြားလမ်းရှိ အသိမိတ်ဆွေ နေအိမ်တွင် သွားရောက်ထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

သေဆုံးသူသည် အသက် ၃၀ ခန့် အိမ်ခြေယာမဲ့ အမျိုးသားတစ်ဦးဖြစ်ပြီး ကားဖြင့် တိုက်ခံရပြီးနောက် ပုဆိုးဖြင့်ကားအောက်တွင် တရွတ်တိုက် ချိတ်ပါသွားခြင်းဖြစ်ကြောင်း သိရသည်။

.

အဆိုပါ အမှုနှင့်ပတ်သက်၍ တောင်ကြီးမြို့မရဲစခန်းတွင် အမှုဖွင့်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

.

#ShanGazette #Taunggyi

.

 

No comments:

Post a Comment