Monday, October 20, 2025

🌸 ကျိုင်းတုံတွင် လူငယ်များ အုပ်စုဖွဲ့ ဓါးခုတ်မှုဖြစ်ပွား

.

ကျိုင်းတုံ၊ အောက်တိုဘာ ၂၀

.

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့တွင် ယမန်နေ့ အောက်တိုဘာလ ၁၉ ရက်၊ ညပိုင်းက လူငယ်များ အုပ်စုဖွဲ့ ဓါးခုတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

.

.

ကျိုင်းတုံမြို့၊ အမှတ် (၄) ရပ်ကွက်၊ ငုဝါလမ်းရှိ စားသောက်ဆိုင်တစ်ခုတွင် အောက်တိုဘာလ ၁၉ ရက်၊ ညပိုင်းက စားသောက်နေသူ လူငယ် ၃ ဦးကို ယခင်က ရန်ဖြစ်ခဲ့ဖူးသည့် လူငယ် ၅ ဦးမှ ဓါးဖြင့်ဝင်ရောက် ခုတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

အဆိုပါ ဓါးခုတ်မှုကြောင့် ဆိုင်အတွင်း စားသောက်နေသူ စိုင်းခမ်းတစ်၊ စိုင်းဝပ် (ခ) စိုင်းဆွတ်သန်းနှင့် ဇေယျာမင်းခန့်တို့တွင် ဓါးဒဏ်ရာအသီးသီးရရှိခဲ့ပြီး ကျိုင်းတုံပြည်သူ့ဆေးရုံတွင် ဆေးကုသမှု ခံယူလျက် ရှိကြောင်း သိရသည်။

.

ဓါးခုတ်မှုမှ ကျူးလွန်သူ လူငယ်များဖြစ်သော ပြည့်ဖြိုးအောင်၊ စိုင်းဝန်းလျန်း၊ ရန်နိုင်၊ လွှမ်းထက်အောင်နှင့် စိုင်းအောင်ဝင်း တို့ ၅ ဦးအား ကျိုင်းတုံမြို့မရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ ၃၂၆/၁၁၄ ဖြင့် အမှုဖွင့်၍ အသက် ၁၈ နှစ်ပြည့်ပြီးသည့် လွှမ်းထက်အောင်ကို အချုပ်ဖြင့် ထိန်းသိမ်းကာ အသက်မပြည့် သေးသည့် ကျန် ၄ ဦးကို ကျိုင်းတုံမြို့မ ရဲစခန်းမှူး၏ ကြီးကြပ်ထိန်းသိမ်းမှုအောက်၌ စောင့်ကြပ်ထိန်းသိမ်းထားကြောင်း သိရသည်။

.

ဓါတ်ပုံ - မမစ (ကျိုင်းတုံ)

.

#ShanGazette #KyineTong

.

 

No comments:

Post a Comment