Wednesday, October 29, 2025

🌸 တောင်ကြီးတန်ဆောင်တိုင်ပွဲတော် ဖွင့်ပွဲနေ့တွင် ယာဉ်ရပ်နားခ ၅ သောင်းကျပ်အထိ ကောက်ခံ

.

တောင်ကြီး၊ နိုဝင်ဘာ ၃၀

.

တောင်ကြီးတန်ဆောင်တိုင်ပွဲတော် ဖွင့်ပွဲနေ့ဖြစ်သော ယမန်နေ့ နိုဝင်ဘာလ ၂၉ ရက်တွင် ယာဉ်ရပ်နားခ ၅ သောင်းကျပ်အထိ ကောက်ခံခဲ့သည်ဟု သိရသည်။

.

.

“ဧည့်သည်များတာကို အခွင့်ကောင်းယူပြီး ကောက်ချင်သလိုကောက်ကြတာနေမှာပေါ့။ ကြပ်မတ်မယ့်သူ မရှိတာလည်း ဖြစ်မယ်ထင်တယ်။ ပေါင်းလုပ် ပေါင်းစားမျိုးဆိုရင်တော့ ဒီကိစ္စကမဖြစ်သင့်ဘူးထင်ပါတယ်” ဟု တောင်ကြီးမြို့ခံတစ်ဦးက‌ ပြောသည်။

.

တန်ဆောင်တိုင်ပွဲတော် ကာလအတွင်း ဆိုင်ကယ်ရပ်နားခ ၂၀၀၀ ကျပ်နှင့် ကားငယ် ရပ်နားခ ၅၀၀၀ ကျပ် သာ လေလံရရှိသူများမှ ကောက်ခံရမည်ဖြစ်သော်လည်း ၁၀ ဆ ၅၀၀၀၀ ကျပ်အထိ ကောက်ခံခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

.

ထို့အတူ အခြား မြို့ခံတစ်ဦးကလည်း “၅ ထောင်ကို ၅ သောင်း ကောက်တယ် ဆိုတော့ လွန်လွန်းပါတယ်။ မသိတဲ့သူတွေ နယ်ဝေးကလူတွေ ခံရမှာပေါ့” ဟု ရှမ်းဂေဇက်သို့ ပြောသည်။

.

၂၀၂၅ ခုနှစ် တောင်ကြီးမြို့တော် တန်ဆောင်တိုင်ပွဲတော် မီးပုံးပျံပြိုင်ပွဲကို တောင်ကြီးမြို့၊ အဝေရာ မီးပုံးပျံကွင်းတွင် အောက်တိုဘာလ ၂၉ ရက်မှ နိုဝင်ဘာလ ၄ ရက်အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ပြိုင်ပွဲတွင် ညမီးကြီးနှင့် စိန်နားပန်မီးပုံးပျံ စုစုပေါင်း အလုံး ၈၀ ကျော် ပါဝင်ယှဉ်ပြိုင်လွှတ်တင်သွားမည် ဖြစ်ကြောင်း သိရသည်။

,

#ShanGazette #Taunggyi #TazaungDai

.

No comments:

Post a Comment