.
လားရှိုး၊ နိုဝင်ဘာ ၂
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့၊ အရှေ့ခါးရိုးပရိယတ္တိ
စာသင်တိုက်တွင် နိုဝင်ဘာလ ၂ ရက်၌ သုခကာရီ ဆွမ်းလောင်းအသင်းက (၁၉) ကြိမ်မြောက် ကထိန်သင်္ကန်း
ကပ်လှူခဲ့သည်ဟု သိရသည်။
.
.လားရှိုးမြို့၊ ရပ်ကွက် (၉)၊ နယ်မြေ (၂) ရှိ အရှေ့ခါးရိုး
ပရိယတ္တိစာသင်တိုက်တွင် လားရှိုးမြိုပေါ်ရှိ သံဃာတော် ၁၇၅ ပါးနှင့် သီလရှင်ဆရာလေးများကို
ပင့်ဖိတ်ကာ ကထိန်သင်္ကန်း ကပ်လှူခဲ့ခြင်းဖြစ်ပြီး သံဃာတော်တစ်ပါးလျှင် အလှူငွေ တစ်သိန်းတစ်သောင်းကျပ်စီ
ဆက်ကပ်လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း အဆိုပါအသင်းမှ ဦးမြင့်ခိုင်ထံက သိရသည်။
.
“ဒါ့အပြင် ကျောင်းတိုက်အတွင်းမှာ ရောက်ရှိလာတဲ့ အလှူရှင်တွေကလည်း
စီတန်းကြွလာတဲ့ ဆရာတော် သံဃာတော်တွေကို ဆွမ်းဆန်စိမ်း လောင်းလှူကြပါတယ်။ ပင့်ဖိတ်ထားတဲ့
ဆရာတော် သံဃာတ်ေတွေ၊ သီလရှင်တွေကိုလည်း နေ့ဆွမ်း ဆက်ကပ်ခဲ့ပါတယ်” ဟု ဦးမြင့်ခိုင်က
ဆက်လက် ပြောဆိုခဲ့သည်။
.
#ShanGazette #Lashio
.

No comments:
Post a Comment