Thursday, October 16, 2025

🌸 ကလောတန်ဆောင်တိုင် ရိုးရာမီးရှော်တိုင်နှင့် မီးကြာစံထွန်းညှိပူဇော်ပွဲကို နိုဝင်ဘာ ၅ ရက်တွင် စတင် ကျင်းပမည်

.

ကလော၊ အောက်တိုဘာ ၁၆

.

၂၀၂၅ ခုနှစ်၊ အကြိမ် (၂၀) မြောက် ကလောမြို့ မြို့လုံးကျွတ်မဟာတန်ဆောင်တိုင် ရိုးရာမီးရှော်တိုင်နှင့် မီးကြာစံထွန်းညှိပူဇော်ပွဲကို လာမည့် နိုဝင်ဘာလ ၅ ရက်တွင် စတင်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

.

.

အဆိုပါ မီးရှော်တိုင်ပြိုင်ပွဲတွင် ကလောမြို့ပေါ် ၁၁ ရပ်ကွက်နှင့် ရပ်ကွက်၊ ကျေးရွာများမှ ပြိုင်ပွဲဝင် မီးရှော်တိုင် အသင်း ၂၁ သင်း ပါဝင်ယှဉ်ပြိုင် ပူဇော်သွားမည်ဖြစ်ကြောင်း သိရသည်။

.

ပြိုင်ပွဲကို နိုဝင်ဘာလ ၅ ရက်မှ ၉ ရက်အထိ ကလောမြို့၊ မောမြေဦးပန်းခြံ မီးရှော်တိုင်ကွင်းတွင် ပြုလုပ် သွားမည်ဖြစ်ပြီး ပိတ်ပွဲနှင့် ဆုပေးပွဲကို နိုဝင်ဘာလ ၁၀ ရက်တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

.

#ShanGazette #Kalaw

.

No comments:

Post a Comment