Tuesday, November 18, 2025

🌸လားရှိုးတွင် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ကျင်းပ

.

လားရှိုး၊ နိုဝင်ဘာ ၁၈

.

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ရှိ အမှတ် (၆) အခြေခံပညာ အထက်တန်းကျောင်းတွင် ယနေ့ နိုဝင်ဘာလ ၁၈ ရက်က စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ကျင်းပပြုလုပ်ခဲ့သည်ဟုသိရသည်။

.


.

ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် တွဲဖက်ပြည်နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာ ဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

Monday, November 17, 2025

🌸 တောင်ကြီးတွင် အချိန်အခါမဟုတ် မိုးရွာ

.

တောင်ကြီး၊ နိုဝင်ဘာ ၁၈

.

ဘင်္ဂလား ပင်လယ်အော်အနောက်တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော သီရိလင်္ကာနိုင်ငံကမ်းရိုးတန်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း (Low Pressure Area) ၏ အရှိန်ကြောင့် ယနေ့ နိုဝင်ဘာလ ၁၈ ရက်၊ နေ့လယ်ပိုင်းတွင် တောင်ကြီးမြို့၌ အချိန်အခါမဟုတ် မိုးရွာသွန်းလျက်ရှိသည်။

.


.

လေဖိအားနည်းရပ်ဝန်းသည် နောက် ၂၄ နာရီ အတွင်း အနောက်- အနောက်မြောက်ဘက်သို့ ဖြည်းညင်းစွာ ရွေ့လျားနိုင်သည်ဟု ခန့်မှန်းရပြီး ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းနှင့် အနောက်အလယ်ပိုင်းတို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး၊ ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလား ပင်လယ်အော်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေကြောင်း မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနက ထုတ်ပြန်ထားသည်။

🌸 ရှမ်းနှစ်သစ်ကူး အထိမ်းအမှတ်အဖြစ် လွယ်လုံပရဟိတကျောင်းမှ တက္ကသိုလ်ဝင်စာမေးပွဲအောင် ကျောင်းသား/သူများအား ဆုချီးမြှင့်သွားမည်

.

တောင်ကြီး၊ နိုဝင်ဘာ ၁၈

.

၂၁၂၀ ခုနှစ်၊ ရှမ်းနှစ်သစ်ကူး အထိမ်းအမှတ်အဖြစ် တောင်ကြီးမြို့၊ လွယ်လုံပရဟိတကျောင်းမှ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင် ကျောင်းသား/ကျောင်းသူများကို ဆုများ ပေးအပ်ချီးမြှင့်သွားမည် ဖြစ်ကြောင်း သိရသည်။

.

.

ရှမ်းနှစ်သစ်ကူးပွဲတော် အထိမ်းအမှတ်အဖြစ် တောင်ကြီးမြို့၊ လွယ်လုံပညာဗောဓိပရဟိတကျောင်းတွင် တန်ဆောင်မုန်းလပြည့်ကျော် ၁၅ ရက် (လကွယ်နေ့)၊ (၁၉-၁၁-၂၀၂၅) ရက်နေ့ ညနေပိုင်းမှ စတင်၍ စကားရည်လုပွဲ၊ ရှမ်းရိုးရာကိန္နရီ၊ ကိန္နရာအကများ ကပြဖျော်ဖြေခြင်း၊ ရှမ်းအစားအစာများဖြင့် ဧည့်ခံ ကျွေးမွေးခြင်းတို့ကို ပြုလုပ်သွားမည်ဖြစ်ပြီး ည ၁၁ နာရီခွဲအချိန်တွင် ဘုရားရှိခိုး မေတ္တာပို့ကာ နှစ်ဟောင်းကို နှုတ်ဆက်၍ နှစ်သစ်ကြိုဆိုသွားမည်ဖြစ်ကြောင်း သိရသည်။

Saturday, November 15, 2025

🌸 ကိုးကန့်တပ် MNDAA က ဖမ်းဆီးထားသည့် စစ်သုံ့ပန်း ၂၀၀ ကျော် ပြန်လွှတ်ပေး

.

လားရှိုး၊ နိုဝင်ဘာ ၁၅

.

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့တွင် ကိုးကန့်တပ် MNDAA က ဖမ်းဆီးထားသည့် စစ်သုံ့ပန်း ၂၀၀ ကျော်ကို ယနေ့ နိုဝင်ဘာလ ၁၅ ရက်၊ နံနက်ပိုင်းက ပြန်လွှတ်ပေးခဲ့သည်ဟု သိရသည်။

.

.

ယခင် တိုက်ပွဲများအတွင်း ဖမ်းဆီးထားသည့် စစ်သုံ့ပန်း ၂၀၂ ဦးကို MNDAA က ယနေ့ နံနက်ပိုင်းတွင် လားရှိုးမြို့နယ်၊ ဟိုပိတ်ရွာဘက်မှ ပြန်လွှတ်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

🌸 UWSA ထိန်းချုပ်ရာ ဟိုပန်မြို့တွင် လူသတ်မှုကျူးလွန်သူတစ်ဦးကို သေဒဏ်ချမှတ်

.

ဟိုပန်၊ နိုဝင်ဘာ ၁၅

.

“ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ထိန်းချုပ်ထားသည့် ဟိုပန်မြို့တွင် ယမန်နေ့ နိုဝင်ဘာလ ၁၄ ရက်က လူသတ်မှုကျူးလွန်သူတစ်ဦးကို သေဒဏ်ချမှတ်ခဲ့သည်ဟု သိရသည်။

.

.

ဟိုပန်မြို့၊ ယဉ်ကျေးမှုကွင်းတွင် ယမန်နေ့က ကျင်းပခဲ့သည့် တရားစီရင်ရေး အခမ်းအနား၌ လူသတ်မှု ကျူးလွန်သူအပြင် ရွှေဆိုင်ဖောက်ထွင်းသူတစ်ဦးကိုလည်း ထောင်ဒဏ် ၁၅ နှစ် ချမှတ်ခဲ့သည်ဟု သိရသည်။

Wednesday, November 12, 2025

🌸 အောင်ပန်းတွင် ကားနှင့်ဆိုင်ကယ်တိုက်မိပြီး တစ်ဦး သေဆုံး

.

အောင်ပန်း၊ နိုဝင်ဘာ ၁၃

.

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ အောင်ပန်းမြို့တွင် ယမန်နေ့ နိုဝင်ဘာလ ၁၃ ရက်၊ ညပိုင်းက ကားနှင့် မော်တော်ဆိုင်ကယ် တိုက်မိပြီး ဆိုင်ကယ်မောင်းသူတစ်ဦး သေဆုံးကာ တစ်ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

.

.

အောင်ပန်း-တောင်ကြီးလမ်း၊ ကျောက်နွားတောင် မုခ်ဦးအနီးတွင် ယမန်နေ့ နိုဝင်ဘာလ ၁၂ ရက်၊ ည ၇ နာရီခွဲခန့်က အောင်ပန်းမြို့၊ သာမိုင်းခမ်းအုပ်စု၊ ဖောင်းသင်ရွာနေ လူငယ်အမျိုးသား ၂ ဦး မောင်းနှင်လာသော မော်တော်ဆိုင်ကယ်နှင့် အမျိုးအမည် မသိရှိရသေးသည့် ကားတို့ တိုက်မိခဲ့ခြင်းဖြစ်ပြီး ကားမှာ မောင်းနှင် ထွက်ပြေးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Monday, November 10, 2025

🌸 မိုင်းရှူးတွင် ရွှေဆိုင် ဓါးပြတိုက်ခံရ

.

မိုင်းရှူး၊ နိုဝင်ဘာ ၁၁

.

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းရှူးမြို့တွင် ယမန်နေ့ နိုဝင်ဘာလ ၁၀ ရက်၊ ညနေပိုင်းက ရွှေဆိုင်တစ်ဆိုင် ဓါးပြတိုက်ခံရမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

.

.

မိုင်းရှူးမြို့၊ ရပ်ကွက် (၃)၊ မြို့မဈေးအရှေ့ဘက်ရှိ ရွှေဆိုင်တစ်ဆိုင်သို့ ယမန်နေ့ နိုဝင်ဘာလ ၁၀ ရက်၊ ညနေ ၄ နာရီခန့်က အမည်မသိအမျိုးသား ၂ ဦး ရောက်ရှိလာပြီး သေ‌နတ်ဖြင့် ဓါးပြတိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

🌸 လားရှိုးတွင် မီးလောင်မှုဖြစ်ပွား

.

လားရှိုး၊ နိုဝင်ဘာ ၁၁

.

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့တွင် ယနေ့ နိုဝင်ဘာလ ၁၁ ရက်၊ နံနက် ၉ နာရီ ၅၅ မိနစ်ခန့်က မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

.

.

လားရှိုးမြို့၊ ရပ်ကွက် (၉)၊ နယ်မြေ (၂)၊ ဆင်တောင်လမ်းရှိ ကုန်စုံဆိုင်တစ်ခုတွင် မီးလောင်မှုဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး မီးလောင်မှုဖြစ်ပွားရာသို့ လားရှိုးခရိုင်မီးသတ်စခန်းမှ အုပ်ချုပ်မှုယာဉ် ၁ စီး၊ ရေသယ်ယာဉ် ၁ စီး၊ လားရှိုးမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် ၂ စီး၊ ရေသယ်ယာဉ် ၁ စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရာ နံနက် ၁၀ နာရီ ၂၀ ခန့်တွင် မီးငြိမ်းခဲ့ကြောင်း မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

Sunday, November 9, 2025

🌸 တောင်ကြီးမြို့ အထက (၂) ကျောင်း ဆရာကန်တော့ပွဲ ပြုလုပ်

.

တောင်ကြီး နို၀င်ဘာ ၁၀

.

တောင်ကြီးမြို့၊ အမှတ် (၂) အခြေခံပညာအထက် တန်းကျောင်း ကျောင်းသား ကျောင်းသူဟောင်းများ ဆရာကန်တော့ပွဲကို ယမန်နေ့ နို၀င်ဘာလ ၉ ရက်၊ နံနက်ပိုင်းက တောင်ကြီးမြို့၊ အောင်တော်မူ ကျောင်းတိုက်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

.

.

ဆရာကန်တော့ပွဲအား ၁၉၉၉ မှ ၂၀၀၁ ခုနှစ်အတွင်း အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းတွင် တက်ရောက်ပညာသင်ကြားခဲ့သည့် ကျောင်းသား/ကျောင်းသူဟောင်းများ စုပေါင်း၍ ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

🌸 ကလော ဝက်ဖြူရေကျေးရွာအနီးတွင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွားပြီး ၅ ဦး သေဆုံး

.

ကလော၊ နိုဝင်ဘာ ၉

.

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ ဝက်ဖြူရေကျေးရွာအနီးတွင် ယနေ့ နိုဝင်ဘာလ ၉ ရက်၊ နေ့လယ်ပိုင်းက မော်တော်ယာဉ်တစ်စီး အရှိန်လွန်တိမ်းမှောက်ပြီး ၅ ဦး သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

.

.

သာစည်-ကလောပြည်ထောင်စုလမ်းမကြီး၊ ကလောမြို့နယ်၊ ဝက်ဖြူရေကျေးရွာနှင့် မဂွေကျေးရွာအကြား မိုင်တိုင်အမှတ် (၅၆/၆) တွင် ယနေ့ နိုဝင်ဘာလ ၉ ရက်၊ နေ့လယ် ၁ နာရီခွဲ အချိန်ခန့်တွင် တောင်ကြီးမှ မန္တလေးသို့ မောင်းနှင်လာသော JINBEI အမျိုးအစား မော်တော်ယာဉ်သည် ဘရိတ်ပေါက်ပြီး အရှိန် မထိန်းနိုင်ဘဲ လမ်း၏ ဝဲဘက်ရှိ ချောက်အတွင်းသို့ တိမ်းမှောက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Friday, November 7, 2025

🌸 အောင်သပြေတွင် အဝေးပြေးကားနှင့် ဆိုင်ကယ်တိုက်မိပြီး ၂ ဦး သေဆုံး

.

ရွှေညောင်၊ နိုဝင်ဘာ ၈

.

တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ အောင်သပြေရပ်ကွက်၊ တပ်ဦးကျောင်းရှေ့တွင် ယနေ့ နိုဝင်ဘာလ ၈ ရက်၊ နံနက်ပိုင်းက အဝေးပြေး Express ယာဉ်နှင့် မော်တော်ဆိုင်ကယ် တိုက်မိပြီး ဆိုင်ကယ်ပေါ်ပါ အမျိုးသား ၂ ဦး သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

.

.

ယနေ့ နိုဝင်ဘာလ ၈ ရက်၊ နံနက် ၄ နာရီခွဲခန့်က ကလောမြို့နယ်၊ ဘော်ဆိုင်းမြို့၊ ရွာသစ်နေ လူငယ် ၂ ဦး စီးလာသော မော်တော်ဆိုင်ကယ်သည် တောင်ကြီး တန်ဆောင်တိုင်ပွဲတော်မှ ပြန်လာစဉ် အောင်သပြေ တပ်ဦးကျောင်းရှေ့အရောက်၌ ရန်ကုန်မှ တက်လာသော Express ယာဉ်နှင့် မျက်နှာချင်းဆိုင် တိုက်မိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

🌸 တောင်ကြီးအီကိုကုမ္ပဏီ၏ အမှိုက်ခွန်ကောက်ခံမှုအပေါ် ဒေသခံများအကြား ဝေဖန်မှု မြင့်တက်နေ

.

တောင်ကြီး၊ နိုဝင်ဘာ ၇

.

တောင်ကြီးမြို့ပေါ်တွင် အမှိုက်နှင့်မိလ္လာသိမ်းဆည်းရေးလုပ်ငန်း ဆောင်ရွက်နေသည့် တောင်ကြီးအီကို ကုမ္ပဏီ၏ အမှိုက်ခွန် ကောက်ခံမှုနှင့် ပတ်သက်၍ တောင်ကြီးဒေသခံများအကြား ဝေဖန်မှု မြင့်တက် နေကြောင်း သိရသည်။

.

.

တောင်ကြီးအီကိုကမ္ပဏီက အမှိုက်ခွန် ကောက်ခံရာတွင် အမှိုက်ခွန်ကြေး များပြားသလို ကောက်ခံမှု မှာလည်း ပွင့်လင်းမြင်သာမှုမရှိကြောင်း ဒေသခံများက ဆိုသည်။

Wednesday, November 5, 2025

🌸 အေးသာယာတွင် တန်ဆောင်မုန်းလပြည့်ည ကြက်ခိုးသူကို ရိုက်နှက်ရာမှ လူသေဆုံးမှု ဖြစ်ပွား

.

အေးသာယာ၊ နိုဝင်ဘာ ၆

.

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့တွင် နိုဝင်ဘာလ ၄ ရက်၊ တန်ဆောင်မုန်း လပြည့်ညပိုင်းက ကြက်ခိုးယူသူကို ကြက်ပိုင်ရှင်သားအဖက ဝိုင်းဝန်းရိုက်နှက်ရာမှ လူသေဆုံးမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

.

.

အေးသာယာမြို့၊ ရပ်ကွက် (၁)တွင် နိုဝင်ဘာလ ၄ ရက်၊ ည ၁၀ နာရီခွဲခန့်က လောတာ (ခ) စိုင်းထွန်းဆာ ဆိုသူသည် ၎င်း၏နေအိမ်မြောက်ဘက် ခြံချင်းကပ်လျက်ရှိ ဦးစိုင်းရွှေထီး နေအိမ်ရှိ မန်ကျည်းပင်ပေါ်တွင် အိပ်တန်းဝင်နေသည့် ကြက်များအား ခိုးယူစဉ် ဦးစိုင်းရွှေထီးနှင့် သားဖြစ်သူ စိုင်းကျော်စိုးမိုးတို့နှင့် အပြန်အလှန်စကားများရာမှ ရိုက်နှက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

🌸 တောင်ကြီးတန်ဆောင်တိုင်ပွဲတော် မီးပုံးပျံများ နို၀င်ဘာ ၇ ရက်ည နောက်ဆုံးထား လွှတ်တင်ရမည်

.

တောင်ကြီး၊ နိုဝင်ဘာ ၅

.

တောင်ကြီးမြို့၌ ကျင်းပ ပြုလုပ်လျက် ရှိသည့် တန်ဆောင်တိုင်ပွဲတော်၊ မီးပုံးပျံပြိုင်ပွဲ၌ ပါဝင်ယှဥ်ပြိုင်မည့် မီးပုံးပျံအဖွဲ့များ အနေဖြင့် နိုဝင်ဘာလ ၇ ရက် နောက်ဆုံးထား၍ အပြီးလွှတ်တင်ရမည်ဖြစ်ကြောင်း ဒိုင်အဖွဲ့က ယနေ့ နိုဝင်ဘာလ ၅ ရက် ညပိုင်းတွင် သတ်မှတ်ကြေညာခဲ့သည်ဟု သိရသည်။

.

.

ယနေ့ နိုဝင်ဘာလ ၅ ရက်နေ့နှင့် နိုဝင်ဘာလ ၇ ရက်နေ့ ညပိုင်းတို့တွင် လွှတ်ရန် ကျန်ရှိသည့် ညမီးကြီး မီးပုံးပျံများကို လည်းကောင်း၊ မနက်ဖြန် နိုဝင်ဘာလ ၆ ရက် ညပိုင်းတွင် စိန်နားပန်များကို လည်းကောင်း အသီးသီး လွှတ်တင်ရမည်ဟု ဒိုင်အဖွဲ့က ကြေညာခဲ့ခြင်း ဖြစ်သည်။

Tuesday, November 4, 2025

🌸 တောင်ကြီးတန်ဆောင်တိုင် နေ့စဉ်မိုးရွာနေသဖြင့် ဈေးသည်အချို့ အရှုံးပေါ်နေဟုဆို

.

တောင်ကြီး< နို၀င်ဘာ ၅

.

တောင်ကြီးတန်ဆောင်တိုင်ပွဲတော် ကာလအတွင်း နိုဝင်ဘာ ၁ ရက်နေ့မှစ၍ နေ့စဉ်မိုးရွာသွန်းမှု ရှိနေသည့် အတွက် နယ်ဝေးမှ လာရောက်ရောင်းချသည့် ဈေးသည်များအနေဖြင့် ဆိုင်ခန်းခပြန်ရရန်ပင် မဖြစ်နိုင်ဘဲ အရှုံးပေါ်နေကြောင်း ဈေးသည်များထံကသိရသည်။

.

.

ပွဲတော်ကျင်းပရာ အဝေရာကွင်းအတွင်းသို့ လာရောက်လည်ပတ်သည့် ဧည့်ပရိသတ် များပြားသော်လည်း မိုးရွာခြင်း၊ လေပြင်းတိုက်ခတ်ခြင်း နှင့် မြူမှုန်များကျဆင်းခြင်းတို့ကြောင့် မီးပုံးပျံများ လွှတ်တင်နိုင်ခြင်း မရှိသည့်အတွက် ဈေးသည်များအနေဖြင့် ဈေးရောင်းချနိုင်ခြင်း မရှိကြောင်း သိရသည်။

.

🌸 ရာသီဥတု အခြေအနေကြောင့် ဟိုပုံးတန်ဆောင်တိုင်မီထွန်းပွဲတော်ကို ၂ ရက် နောက်ဆုတ်

.

ဟိုပုံး၊ နိုဝင်ဘာ ၅

.

ပအိုဝ်းကိုယ်ပိုင်အုပ်ချူပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့တွင် ကျင်းပမည့် ၁၃၈၇ ခုနှစ်၊ ဟိုပုံးတန်ဆောင်တိုင်ပွဲတော် မီးထွန်းပွဲကို ရာသီဥတုအခြေအနေကြောင့် ၂ ရက် နောက်ဆုတ်ပြီး မူလသတ်မှတ်ထားသည့် တန်ဆောင်မုန်း လဆုတ် ၄ ရက် (၁၀-၁၁-၂၀၂၅) ရက် အစား တန်ဆောင်မုန်းလဆုတ် ၆ ရက် (၁၀-၁၁-၂၀၂၅) တွင် စတင် ကျင်းပသွားမည်ဖြစ်ကြေင်း သိရသည်။

.

.

မီးထွန်းပွဲတော်တွင် မီးပုံးပျံပြိုင်ပွဲကိုလည်း ထည့်သွင်းကျင်းပသွားမည်ဖြစ်ပြီး ရာသီဥတု အခြေအနေ အရ ပြိုင်ပွဲဝင်ယှဉ်ပြိုင် လွှတ်တင်မည့် ညမီးကြီးမီးပုံးပျံများ ပိုမိုအဆင်ပြေနိုင်ရေးအတွက် ရက်ပြောင်းလဲ သတ်မှတ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

.

🌸 လားရှိုးမြို့၊ ခါးရိုးပရိယတ္တိ စာသက်တိုက်တွင် သုခကာရီ ဆွမ်းလောင်းအသင်းက ကထိန်သင်္ကန်း ကပ်လှူ

.

လားရှိုး၊ နိုဝင်ဘာ ၂

.

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့၊ အရှေ့ခါးရိုးပရိယတ္တိ စာသင်တိုက်တွင် နိုဝင်ဘာလ ၂ ရက်၌ သုခကာရီ ဆွမ်းလောင်းအသင်းက (၁၉) ကြိမ်မြောက် ကထိန်သင်္ကန်း ကပ်လှူခဲ့သည်ဟု သိရသည်။

.

.

လားရှိုးမြို့၊ ရပ်ကွက် (၉)၊ နယ်မြေ (၂) ရှိ အရှေ့ခါးရိုး ပရိယတ္တိစာသင်တိုက်တွင် လားရှိုးမြို‌ပေါ်ရှိ သံဃာတော် ၁၇၅ ပါးနှင့် သီလရှင်ဆရာလေးများကို ပင့်ဖိတ်ကာ ကထိန်သင်္ကန်း ကပ်လှူခဲ့ခြင်းဖြစ်ပြီး သံဃာတော်တစ်ပါးလျှင် အလှူငွေ တစ်သိန်းတစ်သောင်းကျပ်စီ ဆက်ကပ်လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း အဆိုပါအသင်းမှ ဦးမြင့်ခိုင်ထံက သိရသည်။