.
ကလော၊ နိုဝင်ဘာ ၉
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ ဝက်ဖြူရေကျေးရွာအနီးတွင်
ယနေ့ နိုဝင်ဘာလ ၉ ရက်၊ နေ့လယ်ပိုင်းက မော်တော်ယာဉ်တစ်စီး အရှိန်လွန်တိမ်းမှောက်ပြီး
၅ ဦး သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.
.သာစည်-ကလောပြည်ထောင်စုလမ်းမကြီး၊ ကလောမြို့နယ်၊ ဝက်ဖြူရေကျေးရွာနှင့် မဂွေကျေးရွာအကြား မိုင်တိုင်အမှတ် (၅၆/၆) တွင် ယနေ့ နိုဝင်ဘာလ ၉ ရက်၊ နေ့လယ် ၁ နာရီခွဲ အချိန်ခန့်တွင် တောင်ကြီးမှ မန္တလေးသို့ မောင်းနှင်လာသော JINBEI အမျိုးအစား မော်တော်ယာဉ်သည် ဘရိတ်ပေါက်ပြီး အရှိန် မထိန်းနိုင်ဘဲ လမ်း၏ ဝဲဘက်ရှိ ချောက်အတွင်းသို့ တိမ်းမှောက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါ အမျိုးသား
၈ ဦး၊ အမျိုးသမီး ၉ ဦး၊ စုစုပေါင်း ၁၇ ဦး အနက် အမျိုးသား ၂ ဦး၊ အမျိုးသမီး ၃ ဦး၊ စုစုပေါင်း
၅ ဦး သေဆုံးခဲ့ပြီး ကျန် ၁၂ ဦးတွင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
.
သေဆုံးသူနှင့် ထိခိုက်ဒဏ်ရာရာရှိသူများအား နန့်ပန်တက်လူမှုကူညီရေးအသင်း၊
မကွေကျေးရွာ လူမှုကူညီရေးအသင်း၊ မြတ်စေတနာမွန်လူမှုကူညီရေးအသင်းနှင့်
မဟာလူမှုကယ်ဆယ်ရေးအသင်း (အောင်ပန်း)တို့က ယာဉ်များဖြင့်
ကလောမြို့ပြည်သူ့ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
.
#ShanGazette #Kalaw #Accident
.
.jpg)
No comments:
Post a Comment