Tuesday, November 4, 2025

🌸 ရာသီဥတု အခြေအနေကြောင့် ဟိုပုံးတန်ဆောင်တိုင်မီထွန်းပွဲတော်ကို ၂ ရက် နောက်ဆုတ်

.

ဟိုပုံး၊ နိုဝင်ဘာ ၅

.

ပအိုဝ်းကိုယ်ပိုင်အုပ်ချူပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့တွင် ကျင်းပမည့် ၁၃၈၇ ခုနှစ်၊ ဟိုပုံးတန်ဆောင်တိုင်ပွဲတော် မီးထွန်းပွဲကို ရာသီဥတုအခြေအနေကြောင့် ၂ ရက် နောက်ဆုတ်ပြီး မူလသတ်မှတ်ထားသည့် တန်ဆောင်မုန်း လဆုတ် ၄ ရက် (၁၀-၁၁-၂၀၂၅) ရက် အစား တန်ဆောင်မုန်းလဆုတ် ၆ ရက် (၁၀-၁၁-၂၀၂၅) တွင် စတင် ကျင်းပသွားမည်ဖြစ်ကြေင်း သိရသည်။

.

.

မီးထွန်းပွဲတော်တွင် မီးပုံးပျံပြိုင်ပွဲကိုလည်း ထည့်သွင်းကျင်းပသွားမည်ဖြစ်ပြီး ရာသီဥတု အခြေအနေ အရ ပြိုင်ပွဲဝင်ယှဉ်ပြိုင် လွှတ်တင်မည့် ညမီးကြီးမီးပုံးပျံများ ပိုမိုအဆင်ပြေနိုင်ရေးအတွက် ရက်ပြောင်းလဲ သတ်မှတ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

.

ပွဲတော်ကို နိုဝင်ဘာလ ၁၀ ရက်မှ ၁၄ ရက်အထိ ၅ ညတိုင်တိုင် ကျင်းပသွားမည်ဖြစ်ပြီး ညစဉ် မီးပဒေသာ လှည့်လည်ပွဲနှင့် မီးပုံးပျံလွှတ်တင်ပူဇော်ပွဲများ ပါဝင်မည်ဖြစ်ကာ မီးပုံးပျံပြိုင်ပွဲတွင် ညမီးကြီး မီးပုံးပျံ ၁၀ လုံးနှင့် စိန်နားပန်မီးပုံးပျံ ၂ လုံး လွှတ်တင် ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

.

အလားတူ တောင်ကြီးတန်ဆောင်တိုင်ပွဲတော် မီးပုံးပျံပြိုင်ပွဲတွင်လည်း ညစဉ် မိုးရွာသွန်းမှုနှင့် လေတိုက်ခတ် မှုများကြောင့် လွှတ်တင်ရန် မီးပုံးပျံ အများအပြား ကျန်ရှိနေသဖြင့် ပွဲတော်ကို နိုဝင်ဘာလ ၈ ရက်အထိ ၃ ရက် ထပ်မံတိုးမြှင့်ထားသည်။

.

#ShanGazette #HoPone

.

No comments:

Post a Comment