Monday, November 10, 2025

🌸 မိုင်းရှူးတွင် ရွှေဆိုင် ဓါးပြတိုက်ခံရ

.

မိုင်းရှူး၊ နိုဝင်ဘာ ၁၁

.

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းရှူးမြို့တွင် ယမန်နေ့ နိုဝင်ဘာလ ၁၀ ရက်၊ ညနေပိုင်းက ရွှေဆိုင်တစ်ဆိုင် ဓါးပြတိုက်ခံရမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

.

.

မိုင်းရှူးမြို့၊ ရပ်ကွက် (၃)၊ မြို့မဈေးအရှေ့ဘက်ရှိ ရွှေဆိုင်တစ်ဆိုင်သို့ ယမန်နေ့ နိုဝင်ဘာလ ၁၀ ရက်၊ ညနေ ၄ နာရီခန့်က အမည်မသိအမျိုးသား ၂ ဦး ရောက်ရှိလာပြီး သေ‌နတ်ဖြင့် ဓါးပြတိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

အဆိုပါ ဓါးပြတိုက်မှုကြောင့် ရွှေထည်များ မဆုံးရှုံးခဲ့သော်လည်း ငွေကျပ် သိန်း ၁၀၀ ကျော်ကို အမျိုးသား ၂ ဦးက ယူဆောင်သွားခဲ့ကြောင်း သိရသည်။

.

ပြီးခဲ့သည့် ဩဂုတ်လအတွင်းကလည်း လားရှိုးမြို့ရှိ ရွှေဆိုင်တစ်ခုတွင် ဓါးပြတိုက်ခံရမှု ဖြစ်ပွားခဲ့ဖူးပြီး ရွှေ ၆၀ ကျပ်သားနှင့် ငွေကျပ် သိန်း ၂၀၀ ဆုံးရှုံးခဲ့ရဖူးကြောင်း သိရသည်။

.

#ShanGazette #MongHsu

.

 

No comments:

Post a Comment