Saturday, November 15, 2025

🌸 UWSA ထိန်းချုပ်ရာ ဟိုပန်မြို့တွင် လူသတ်မှုကျူးလွန်သူတစ်ဦးကို သေဒဏ်ချမှတ်

.

ဟိုပန်၊ နိုဝင်ဘာ ၁၅

.

“ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ထိန်းချုပ်ထားသည့် ဟိုပန်မြို့တွင် ယမန်နေ့ နိုဝင်ဘာလ ၁၄ ရက်က လူသတ်မှုကျူးလွန်သူတစ်ဦးကို သေဒဏ်ချမှတ်ခဲ့သည်ဟု သိရသည်။

.

.

ဟိုပန်မြို့၊ ယဉ်ကျေးမှုကွင်းတွင် ယမန်နေ့က ကျင်းပခဲ့သည့် တရားစီရင်ရေး အခမ်းအနား၌ လူသတ်မှု ကျူးလွန်သူအပြင် ရွှေဆိုင်ဖောက်ထွင်းသူတစ်ဦးကိုလည်း ထောင်ဒဏ် ၁၅ နှစ် ချမှတ်ခဲ့သည်ဟု သိရသည်။

.

မိုင်းရယ်မြို့မှ ဟိုပန်တွင် လာရောက်အလုပ်လုပ်ကိုင်သူ တရုတ်အမျိုးသမီးတစ်ဦးကို လူသတ်မှုဖြင့် မောင်အိုက်ရီကို သေဒဏ်ချမှတ်ခဲ့ပြီး နမ့်တစ်မြို့တွင် ရွှေဆိုင်ဖောက်ထွင်းခိုးယူသူတစ်ဦးကိုလည်း ထောင်ဒဏ် ၁၅ နှစ် ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

တရားစီရင်ရေးအခမ်းအနားကို သက်ဆိုင်ရာဌာနအဖွဲ့အစည်းများ၊ ပညာရေးဝန်ထမ်းများနှင့် ဟိုပန်မြို့နေ လူထုများ လာရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။

.

အလားတူ ကိုးကန့်တပ် (MNDAA) ထိန်းချုပ်ထားသည့် မူဆယ်မြို့နယ်၊ မုံးကိုးမြို့တွင်လည်း နိုဝင်ဘာလ ၁၁ ရက်က လူသတ်မှုကျူးလွန်သူ ၃ ဦးကို လူမြင်ကွင်းရှေ့တွင် သေဒဏ်ချမှတ်ခဲ့ပြီး ၂ ဦးကို ထောင်ဒဏ် ချမှတ်ခဲ့သေးကြောင်း သိရသည်။

.

Photo - "ဝ" လူငယ့်အသံ

.

#ShanGazette #Wa #Hopan

.

No comments:

Post a Comment