Sunday, November 9, 2025

🌸 တောင်ကြီးမြို့ အထက (၂) ကျောင်း ဆရာကန်တော့ပွဲ ပြုလုပ်

.

တောင်ကြီး နို၀င်ဘာ ၁၀

.

တောင်ကြီးမြို့၊ အမှတ် (၂) အခြေခံပညာအထက် တန်းကျောင်း ကျောင်းသား ကျောင်းသူဟောင်းများ ဆရာကန်တော့ပွဲကို ယမန်နေ့ နို၀င်ဘာလ ၉ ရက်၊ နံနက်ပိုင်းက တောင်ကြီးမြို့၊ အောင်တော်မူ ကျောင်းတိုက်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

.

.

ဆရာကန်တော့ပွဲအား ၁၉၉၉ မှ ၂၀၀၁ ခုနှစ်အတွင်း အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းတွင် တက်ရောက်ပညာသင်ကြားခဲ့သည့် ကျောင်းသား/ကျောင်းသူဟောင်းများ စုပေါင်း၍ ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

.

“ကိုယ်ပညာသင်ကြားခဲ့တဲ့ကျောင်းက ဆရာကြီး၊ ဆရာမကြီးတွေနဲ့ ပြန်တွေ့ပြီး ကန်တော့ခွင့်ရတယ်။ ကွဲကွာသွားတဲ့ သူငယ်ချင်းအပေါင်းအသင်းတွေနဲ့လည်း ပြန်ပြီးဆုံခွင့်ရတဲ့အတွက် စိတ်ကြည်နူးဖို့ ကောင်းပါတယ်” ဟု ကျောင်းသားဟောင်းတစ်ဦးက ရှမ်းဂေဇက်သို့ ပြောသည်။

.

အဆိုပါကန်တော့ပွဲတွင် အမှတ် (၂) အခြေခံပညာအ ထက်တန်းကျောင်းတွင်ပညာသင်ကြားပေးခဲ့သည့် ဆရာကြီး၊ ဆရာမကြီး ၇၄ ဦးအားကန်တော့ခဲ့ကြောင်း သိရသည်။

.

အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း ဆရာကန်တော့ပွဲကို ၂၀၁၇ ခုနှစ်တွင် တတိယအကြိမ် ပြုလုပ်ခဲ့ပြီး ယခု ၂၀၂၅ ခုနှစ်တွင် ပြန်လည်ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။

.

#ShanGazette #Taunggyi

.

No comments:

Post a Comment