Friday, November 7, 2025

🌸 အောင်သပြေတွင် အဝေးပြေးကားနှင့် ဆိုင်ကယ်တိုက်မိပြီး ၂ ဦး သေဆုံး

.

ရွှေညောင်၊ နိုဝင်ဘာ ၈

.

တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ အောင်သပြေရပ်ကွက်၊ တပ်ဦးကျောင်းရှေ့တွင် ယနေ့ နိုဝင်ဘာလ ၈ ရက်၊ နံနက်ပိုင်းက အဝေးပြေး Express ယာဉ်နှင့် မော်တော်ဆိုင်ကယ် တိုက်မိပြီး ဆိုင်ကယ်ပေါ်ပါ အမျိုးသား ၂ ဦး သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

.

.

ယနေ့ နိုဝင်ဘာလ ၈ ရက်၊ နံနက် ၄ နာရီခွဲခန့်က ကလောမြို့နယ်၊ ဘော်ဆိုင်းမြို့၊ ရွာသစ်နေ လူငယ် ၂ ဦး စီးလာသော မော်တော်ဆိုင်ကယ်သည် တောင်ကြီး တန်ဆောင်တိုင်ပွဲတော်မှ ပြန်လာစဉ် အောင်သပြေ တပ်ဦးကျောင်းရှေ့အရောက်၌ ရန်ကုန်မှ တက်လာသော Express ယာဉ်နှင့် မျက်နှာချင်းဆိုင် တိုက်မိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

.

အဆိုပါ ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်ပေါ်ပါ လူငယ်အမျိုးသား ၂ ဦး သေဆုံးခဲ့ပြီး သေဆုံးသူများ၏ ရုပ် အလောင်းများကို မဟာဝီရရက္ခိတ လူမှုရေးအသင်းက တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံ၊ အအေးတိုက်သို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

.

Photo Crd – Naingantaw Winkyi

.

#ShanGazette #ShweNyaung #Accident

.

No comments:

Post a Comment