Wednesday, November 5, 2025

🌸 တောင်ကြီးတန်ဆောင်တိုင်ပွဲတော် မီးပုံးပျံများ နို၀င်ဘာ ၇ ရက်ည နောက်ဆုံးထား လွှတ်တင်ရမည်

.

တောင်ကြီး၊ နိုဝင်ဘာ ၅

.

တောင်ကြီးမြို့၌ ကျင်းပ ပြုလုပ်လျက် ရှိသည့် တန်ဆောင်တိုင်ပွဲတော်၊ မီးပုံးပျံပြိုင်ပွဲ၌ ပါဝင်ယှဥ်ပြိုင်မည့် မီးပုံးပျံအဖွဲ့များ အနေဖြင့် နိုဝင်ဘာလ ၇ ရက် နောက်ဆုံးထား၍ အပြီးလွှတ်တင်ရမည်ဖြစ်ကြောင်း ဒိုင်အဖွဲ့က ယနေ့ နိုဝင်ဘာလ ၅ ရက် ညပိုင်းတွင် သတ်မှတ်ကြေညာခဲ့သည်ဟု သိရသည်။

.

.

ယနေ့ နိုဝင်ဘာလ ၅ ရက်နေ့နှင့် နိုဝင်ဘာလ ၇ ရက်နေ့ ညပိုင်းတို့တွင် လွှတ်ရန် ကျန်ရှိသည့် ညမီးကြီး မီးပုံးပျံများကို လည်းကောင်း၊ မနက်ဖြန် နိုဝင်ဘာလ ၆ ရက် ညပိုင်းတွင် စိန်နားပန်များကို လည်းကောင်း အသီးသီး လွှတ်တင်ရမည်ဟု ဒိုင်အဖွဲ့က ကြေညာခဲ့ခြင်း ဖြစ်သည်။

.

"ဒီနေ့ညနဲ့ သဘက်ခါမှာ ညမီးကြီး၊ မနက်ဖြန်က စိန်နားပန်တွေ လွှတ်ရမယ်၊ အဲရက်တွေမှာ မလွှတ်ရင် မလွှတ်ရတော့ဘူးပေါ့၊ အခြေအနေအရ မလွှတ်ရတဲ့ အဖွဲ့တွေက ဟိုပုံးပွဲ ဆင်းလွှတ်ပေါ့လေနော်။ ပိတ်ပွဲက ၈ ရက်နေ့ လုပ်မှာပါ” ဟု မီးပုံးပျံအဖွဲ့ဝင် တစ်ဦးက ရှမ်းဂေဇက်သို့ ပြောသည်။

.

တောင်ကြီး တန်ဆောင်တိုင်ပွဲတော်အား ယခင်က နို၀င်ဘာလ ၅ ရက်နေ့အထိ ကျင်းပပြုလုပ်ရန် စီစဉ်ထားသော်လည်း ရာသီဥတုအခြေအနေကြောင့် နို၀င်ဘာလ ၈ ရက်နေ့အထိ ကျင်းပပြုလုပ်ရန် ရက် တိုးမြှင့်ထားကြောင်း သိရသည်။

.

#ShanGazette #Taunggyi

.

No comments:

Post a Comment