.
တောင်ကြီး< နို၀င်ဘာ ၅
.
တောင်ကြီးတန်ဆောင်တိုင်ပွဲတော် ကာလအတွင်း နိုဝင်ဘာ
၁ ရက်နေ့မှစ၍ နေ့စဉ်မိုးရွာသွန်းမှု ရှိနေသည့် အတွက် နယ်ဝေးမှ လာရောက်ရောင်းချသည့်
ဈေးသည်များအနေဖြင့် ဆိုင်ခန်းခပြန်ရရန်ပင် မဖြစ်နိုင်ဘဲ အရှုံးပေါ်နေကြောင်း ဈေးသည်များထံကသိရသည်။
.
.ပွဲတော်ကျင်းပရာ အဝေရာကွင်းအတွင်းသို့ လာရောက်လည်ပတ်သည့်
ဧည့်ပရိသတ် များပြားသော်လည်း မိုးရွာခြင်း၊ လေပြင်းတိုက်ခတ်ခြင်း နှင့် မြူမှုန်များကျဆင်းခြင်းတို့ကြောင့်
မီးပုံးပျံများ လွှတ်တင်နိုင်ခြင်း မရှိသည့်အတွက် ဈေးသည်များအနေဖြင့် ဈေးရောင်းချနိုင်ခြင်း
မရှိကြောင်း သိရသည်။
.
“မိုးက နေ့တိုင်းရွာနေတော့ ဈေးမရောင်းရတော့ဘူး ပြောရမှာပေါ့။
မိုးရွာတော့ ဧည့်သည်တွေက ဆက်မလည်တော့ဘဲ ပြန်ကုန်ကြတယ်။ တချို့ရက်တွေဆိုရင် ည ၁၀ နာရီကျော်လောက်
ကတည်းက လူကပါးသွားတော့ ဆိုင်ခန်းခတောင် ပြန်ရဖို့မလွယ်တော့ဘူး ထင်တယ်” ဟု နယ်ဝေးဈေးသည်တစ်ဦးက ရှမ်းဂေက်သို့ ပြောသည်။
.
အဝေရာကွင်းအတွင်း မိုးရွာသည့်အတွက် ပျံကျရောင်းချသည့်
ဈေးသည်များမှာ ဈေးရောင်းချနိုင်ခြင်း မရှိသော်လည်း ဈေးကောက်ခ နေ့စဉ်ပေးဆောင်ရကြောင်း
ပျံကျဈေးသည်တစ်ဦးကလည်း ပြောဆိုခဲ့သည်။
.
“ကျွန်မတို့က ပျံကျရောင်းတာဆိုတော့ အဆင်ပြေတဲ့နေရာမှာ
ရောင်းရတာပေါ့။ မိုးရွာတော့ ဈေးလည်း မရောင်းရတော့သလို ဝယ်မယ့်လူတွေကလည်း စောစောပြန်ကုန်ကြရော”
ဟု အဆိုပါ ပျံကျရောင်းချသည့် ဈေးသည်က ရှမ်းဂေဇက်သို့ ပြောသည်။
.
မိုးရွာသွန်းမှုကြောင်းပွဲတော်ရက် ၃ ရက်ထပ်တိုး
သော်လည်း ရပ်ဝေးဧည့်သည်အများစုမှာ နေရပ်ပြန်သူ များသည့်အတွက် ဈေးသည်များအနေဖြင့် အရှုံးများနိုင်ကြောင်း
ပြောဆိုနေကြသည်။
.
#ShanGazette #Taunggyi
.

No comments:
Post a Comment