Monday, November 10, 2025

🌸 လားရှိုးတွင် မီးလောင်မှုဖြစ်ပွား

.

လားရှိုး၊ နိုဝင်ဘာ ၁၁

.

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့တွင် ယနေ့ နိုဝင်ဘာလ ၁၁ ရက်၊ နံနက် ၉ နာရီ ၅၅ မိနစ်ခန့်က မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

.

.

လားရှိုးမြို့၊ ရပ်ကွက် (၉)၊ နယ်မြေ (၂)၊ ဆင်တောင်လမ်းရှိ ကုန်စုံဆိုင်တစ်ခုတွင် မီးလောင်မှုဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး မီးလောင်မှုဖြစ်ပွားရာသို့ လားရှိုးခရိုင်မီးသတ်စခန်းမှ အုပ်ချုပ်မှုယာဉ် ၁ စီး၊ ရေသယ်ယာဉ် ၁ စီး၊ လားရှိုးမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် ၂ စီး၊ ရေသယ်ယာဉ် ၁ စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရာ နံနက် ၁၀ နာရီ ၂၀ ခန့်တွင် မီးငြိမ်းခဲ့ကြောင်း မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

.

မီးလောင်မှုနှင့် ပတ်သက်၍ ဖြစ်ပွားရသည့် အကြောင်းအရင်းနှင့် ပျက်စီးဆုံးရှုံးမှု အခြေအနေများကို မသိရှိရသေးချေ။

.

မီးလောင်မှုနှင့် သဘာဝဘေးအန္တရာယ်များ၊ အခြား ရုတ်တရက်ဖြစ်ပွားသော ဘေးအန္တရာယ်များ ကြုံတွေ့ပါက မီးသတ်ဦးစီးဌာန၏ အရေးပေါ်ဖုန်းနံပါတ်များသို့ ဆက်သွယ်သတင်းပေးပို့ အကူအညီတောင်းခံ နိုင်ကြောင်း မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

.

#ShanGazette #Lashio

.

No comments:

Post a Comment