Wednesday, November 5, 2025

🌸 အေးသာယာတွင် တန်ဆောင်မုန်းလပြည့်ည ကြက်ခိုးသူကို ရိုက်နှက်ရာမှ လူသေဆုံးမှု ဖြစ်ပွား

.

အေးသာယာ၊ နိုဝင်ဘာ ၆

.

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့တွင် နိုဝင်ဘာလ ၄ ရက်၊ တန်ဆောင်မုန်း လပြည့်ညပိုင်းက ကြက်ခိုးယူသူကို ကြက်ပိုင်ရှင်သားအဖက ဝိုင်းဝန်းရိုက်နှက်ရာမှ လူသေဆုံးမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

.

.

အေးသာယာမြို့၊ ရပ်ကွက် (၁)တွင် နိုဝင်ဘာလ ၄ ရက်၊ ည ၁၀ နာရီခွဲခန့်က လောတာ (ခ) စိုင်းထွန်းဆာ ဆိုသူသည် ၎င်း၏နေအိမ်မြောက်ဘက် ခြံချင်းကပ်လျက်ရှိ ဦးစိုင်းရွှေထီး နေအိမ်ရှိ မန်ကျည်းပင်ပေါ်တွင် အိပ်တန်းဝင်နေသည့် ကြက်များအား ခိုးယူစဉ် ဦးစိုင်းရွှေထီးနှင့် သားဖြစ်သူ စိုင်းကျော်စိုးမိုးတို့နှင့် အပြန်အလှန်စကားများရာမှ ရိုက်နှက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

.

ထိုသို့ ရိုက်နှက်မှုကြောင့် လောတာ(ခ)စိုင်းထွန်းဆာတွင် ဝဲဘက် နဖူးသွေးထွက် ပေါက်ပြဲဒဏ်ရာ၊ ယာဘက် နဖူးပေါက်ပြဲဒဏ်ရာ၊ ဝဲခြေသလုံးဖူးရောင် ညိုမဲဒဏ်ရာ၊ ယာဘက်တင်ပါး ဖူးရောင်ညိုမဲ ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

သို့ဖြစ်၍ သေဆုံးသူ၏ ရုပ်အလောင်းကို တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး လူသေဆုံး စေသည်အထိ တုတ်များဖြင့် ဝိုင်းဝန်းရိုက်နှက်ခဲ့ကြသည့် ဦးစိုင်းရွှေထီးနှင့် စိုင်းကျော်စိုးမိုး တို့ ၂ ဦးအား အေးသာယာနယ်မြေရဲစခန်းတွင် ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်စစ်ဆေးဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

.

#ShanGazette #AyeTharYar #Crime

.

No comments:

Post a Comment