Sunday, December 14, 2025

🌸 မူဆယ် ၁၀၅ မိုင်တွင် ကျောက်တင်ကားတစ်စီး ဘရိတ်ပေါက်ဝင်တိုက်ရာမှ ၂ ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရ

.

မူဆယ်၊ ဒီဇင်ဘာ ၁၅

.

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ မူဆယ်-၁၀၅ မိုင်ကြား ပြည်ထောင်စုလမ်းမပေါ်တွင် ယမန်နေ့ ဒီဇင်ဘာလ ၁၄ ရက်၊ နေ့လယ်ပိုင်းက ဗြုန်းကျောက်တင်ကားတစ်စီး ဘရိတ်ပေါက်ပြီး ဝင်ရောက်တိုက်မိရာမှ အမျိုးသမီး ၂ ဦးသေဆုံးကာ ၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

.

.

မူဆယ်မြို့နယ်၊ ၁၀၅ မိုင်အဝင်ရှိ စစ်ဆေးရေးဂိတ်တွင် ယမန်နေ့ နေ့လယ် ၂ နာရီခွဲအချိန်ခန့်က ဗြုန်းကျောက်တင် ၆ ဘီးယာဉ်မှ ဘရိတ်ပေါက်ကာ စစ်ဆေးရေးဂိတ်တွင် လမ်းလျှောက်နေသည့် ခရီးသွားများကို ဝင်ရောက်တိုက်မိပြီး တိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

ယာဉ်တိုက်မှုကြောင့် မူဆယ်မြို့နေ အမျိုးသမီး ၂ ဦး သေဆုံးခဲ့ပြီး အခြား ၈ ဦး ဒဏ်ရာရရှိခဲ့ကာ မိုင်းယု (၁၀၅) မိုင်ရှိ ပါရမီလူမှုကူညီရေးအသင်းက သွားရောက်ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

.

အဆိုပါ ယာဉ်တိုက်မှုဖြစ်ပွားရာ နေရာသည် မြောက်ပိုင်း မဟာမိတ်ညီနောင်တပ်ဖွဲ့က ထိန်းချုပ်ပြီး စစ်ဆေးရေးဂိတ် ချထားသည့်နေရာဖြစ်ကြောင်း သိရသည်။

.

Photo - ပါရမီလူမှုကူညီရေးအသင်း

.

#ShanGazette #Muse #Accident

.

No comments:

Post a Comment