Tuesday, December 16, 2025

🌸 အေးသာယာတွင် စက်သုံးဆီဆိုင် မီးလောင်

.

တောင်ကြီးမြို့နယ်၊ အေးသာယာမြို့၊ ထုံးဖိုရှိ စက်သုံးဆီအရောင်းဆိုင်တစ်ခုတွင် ယနေ့ ဒီဇင်ဘာလ ၁၆ ရက် နေ့လယ် ၁၂ နာရီခွဲခန့်က မီးလောင်မှု ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

.


.

မီးလောင်မှု ဖြစ်ပွားသည့်ဆိုင်မှာ တပင်ရွှေထီး စက်သုံးဆီဆိုင်ဖြစ်ကြောင်း ဒေသခံများက ပြောဆိုကြပြီး မီးလောင်ရသည့် အကြောင်းအရင်းနှင့် ပျက်စီးဆုံးရှုံးမှု အခြေအနေများကို မသိရှိရသေးချေ။

.

မီးလောင်မှု ဖြစ်ပွားရာသို့ တောင်ကြီးနှင့် အေးသာယာမှ မီးသတ်ယာဉ်များ သွားရောက် ငြှိမ်းသတ်လျက်ရှိကြောင်း သိရသည်။

.

#ShanGazette #Taunggyi #AyeTharYar

.

No comments:

Post a Comment