.
တောင်ကြီး၊ ဒီဇင်ဘာ ၁၄
.
နိုင်ငံဝန်ထမ်းဟောင်းများ (မြို့ပြ) အသင်း၊ တောင်ကြီးက
အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပွဲနှင့် အသင်းသားတွေ့ဆုံအစည်းအဝေးကို ယနေ့
ဒီဇင်ဘာလ ၁၄ ရက်၊ နေ့လယ်ပိုင်းက တောင်ကြီးမြို့၊ လူထုအခြေပြု ဗဟိုဌာန၊ အစည်းအဝေးခန်းမတွင်
ပြုလုပ်ခဲ့သည်ဟု သိရသည်။
.
.အစည်းအဝေးတွင် နိုင်ငံ့ဝန်ထမ်းဟောင်းများ (မြို့ပြ)
အသင်း တောင်ကြီး ဥက္ကဋ္ဌ၊ ရှမ်းပြည်နယ်ဥပဒေချုပ်၊ ဦးစိုင်းကျော်ဇံ က အဖွင့်အမှာစကား
ပြောကြားခဲ့ပြီး အသင်းအတွင်းရေးမှူး ဒေါ်ရွှေရွှေမြင့်က ယခင်အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ်
ဆောင်ရွက်ပြီးစီးမှုအခြေအနေနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များ၊ အသင်း၏ ဘဏ္ဍာရေးဆိုင်ရာများကို
ဖတ်ကြားရှင်းလင်းခဲ့သည်။
.
နိုင်ငံ့ဝန်ထမ်းဟောင်းများ (မြို့ပြ) အသင်း တောင်ကြီးအနေဖြင့်
ပြင်ပတွင် အလှူငွေ ကောက်ခံခြင်း မရှိသေး သော်လည်း စေတနာရှင် အလှူရှင်များမှ လာရောက်လှူဒါန်းထားမှုများ
ရှိပြီး ရရှိထားသည့် ရန်ပုံငွေများကို မြန်မာ့စီးပွားရေးဘဏ်နှင့် CB ဘဏ်တို့တွင် အပ်နှံထားကြောင်း အသင်းဥက္ကဋ္ဌ ဦးစိုင်းကျော်စံက ပြောဆိုခဲ့သည်။
.
ထို့နောက် အစည်းအဝေးတက်ရောက်လာသူများက အထွေထွေ ဆွေးနွေးခဲ့ကြပြီး
ငွေကျပ်တစ်သိန်းနှင့်အထက် အလှူရှင်များကို ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ရာ အလှူရှင်များက
လက်ခံရယူခဲ့သည်ဟု သိရသည်။
.
နိုင်ငံ့ဝန်ထမ်းဟောင်းများ (မြို့ပြ) အသင်း တောင်ကြီးမြို့သည်
အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းဆိုင်ရာ ဖွဲ့စည်းခွင့် လက်မှတ်ကို ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ
၁ ရက်တွင် ရရှိခဲ့ပြီးဖြစ်ကာ အသင်းသားများ၏ သာရေး၊ နာရေးနှင့် လူမှုရေးကိစ္စများတွင်
ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
.
#ShanGazette #Taunggyi
.

No comments:
Post a Comment