.
ရွာငံ၊ ဒီဇင်ဘာ ၂၃
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊
ရွာငံမြို့နယ်တွင် ယမန်နေ့ ဒီဇင်ဘာလ ၂၂ ရက်၊ နံနက်ပိုင်းက ငွေကျပ်သိန်း ၄၀၀၀
တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ
တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာလ ၂၂ ရက်၊ နံနက် ၉ နာရီခန့်က ရွာငံမြို့နယ်၊
မြို့ကြီးကျေးရွာအနီးတွင် မော်တော်ယာဉ်များအား စစ်ဆေးရှာဖွေစဉ် သန်းစိုးဝင်း
မောင်းနှင်လာသည့် HYUNDAI PORTER အမျိုးအစား မော်တော်ယာဉ်အား
ရပ်တန့်စစ်ဆေး ရှာဖွေရာ ယာဉ်ပေါ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၄၀၀၀၀၀ ပြား၊ ဒေသကာလတန်ဖိုးငွေကျပ်သိန်း
၄၀၀၀အား တွေ့ရှိသိမ်းဆည်းရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိမှုနှင့်
ပတ်သက်၍ ရွာငံမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့်
စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး
ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း CCDAC MYANMAR က ထုတ်ပြန်ထားသည်။
.
#ShanGazette #YwaNgan
.

No comments:
Post a Comment