Tuesday, December 16, 2025

🌸 အေးသာယာရှိ စက်သုံးဆီဆိုင် မီးလောင်မှုကြောင့် အမျိုးသားတစ်ဦး ဒဏ်ရာရ၊ ဆီဘောက်ဆာတွဲယာဉ်တစ်စီး မီးလောင်ပျက်စီး

.

အေးသာယာ၊ ဒီဇင်ဘာ ၁၆

.

တောင်ကြီးမြို့နယ်၊ အေးသာယာမြို့၊ ထုံးဖိုရှိ တပင်ရွှေထီး စက်သုံးဆီအရောင်းဆိုင်တွင် ယနေ့ ဒီဇင်ဘာလ ၁၆ ရက် နေ့လယ်ပိုင်းက မီးလောင်မှု ဖြစ်ပွားခဲ့ရာ အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့ပြီး စက်သုံးဆီဆိုင်နှင့် ဆီဘောက်ဆာ တွဲယာဉ်တစ်စီး မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

.


.

အေးသာယာမြို့၊ နယ်မြေ (၂)၊ ရပ်ကွက် (၅) ရှိ တပင်ရွှေထီး စက်သုံးဆီအရောင်းဆိုင်တွင် ယနေ့ ဒီဇင်ဘာလ ၁၆ ရက်၊ နေ့လယ် ၁၂ နာရီခွဲခန့်က ဆီဘောက်ဆာယာဉ်မှ ဆီကန်အတွင်းသို့ ဆီဖြည့်ရာမှတစ်ဆင့် မီး ကူးစက် လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

အဆိုပါ မီးလောင်မှုကြောင့် ဆိုင်မန်နေဂျာ၏ ခင်ပွန်းဖြစ်သူ အသက် ၃၅ နှစ်အရွယ် အမျိုးသားတွင် မီးဟပ်ဒဏ်ရာများ ရရှိခဲ့ပြီး အလုပ်သမားတန်းလျား အခန်း ၄ ခန်းအနက် ၂ ခန်း၊ စက်သုံးဆီဆိုင် ၁ ဆိုင်နှင့် ဆီဘောက်ဆာယာဉ်တွဲယာဉ် ၁ စီးပျက်ဆီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

.

မီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးမှုကာလတန်ဖိုးအား မီသတ်ဦးစီးဌာနမှစစ်ဆေးတွက်ချက်လျက်ရှိကြောင်း သိရသည်။

.

#ShanGazette #Taunggyi #AyeTharYar

.

No comments:

Post a Comment