.
တောင်ကြီး၊ ဒီဇင်ဘာ ၆
.
ရွေးကောက်ပွဲ အပိုင်း (၁) နှင့် အပိုင်း (၂) ကျင်းပမည့်
ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ် ၁၁ ခုမှ ရပ်ကွက်နှင့် ကျေးရွာအုပ်စု စုစုပေါင်း ၂၁၂
ခုတို့တွင် ရွေးကောက်ပွဲ ကျင်းပနိုင်မည်မဟုတ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က
ယမန်နေ့ ဒီဇင်ဘာလ ၅ ရက်က ကြေညာခဲ့သည်ဟု သိရသည်။
.
.ရွေးကောက်ပွဲ အပိုင်း
(၁) ကျင်းပရန်ရှိနေသည့် နောင်ချိုမို့နယ်မှ ကျေးရွာအုပ်စု ၄ စု၊ မူဆယ်မြိုနယ်
မုံးကိုးမြို့မှ ရပ်ကွက် ၇ ခု၊ မန်ဟီးရိုးမြို့ရှိ ရပ်ကွက် ၃ ခု၊ ပန်ဆိုင်း
(ကြူကုတ်)မှ ရပ်ကွက် ၅ ခုနှင့် ကျေးရွာ အုပ်စု ၆၃ စု၊ လားရှိုးမြို့နယ်ရှိ
ကျေးရွာအုပ်စု ၆၄ စုတို့၌ ရွေးကောက်ပွဲ ကျင်းပနိုင်မည် မဟုတ်ကြောင်း UEC ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
.
ထို့အပြင် ရွေးကောက်ပွဲ
အပိုင်း (၂) တွင် ပါဝင်သည့် မိုင်းခတ်မြို့နယ်မှ ကျေးရွာ အုပ်စု ၄ စု၊ မိုင်းဖြတ် မြို့နယ်မှ
လုံကောင့်ကျေးရွာအုပ်စု၊ မိုင်းတုံမြို့နယ်မှ ကျေးရွာအုပ်စု ၃ စု၊ မိုင်းယောင်းမြို့နယ်မှ
ကျေးရွာအုပ်စု ၈ စု၊ မိုင်းယန်းမြို့နယ်၊ မိုင်းပေါက်မြို့မှ ရပ်ကွက် ၂ ခုနှင့်
ကျေးရွာအုပ်စု ၁၃ စု တို့တွင် ရွေးကောက်ပွဲ ကျင်းပရန် အခြေအနေမရှိကြောင်း
ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
.
ထို့အပြင် ရွေးကောက်ပွဲ အပိုင်း (၂) တွင် ပါဝင်သည့်
တန့်ယန်းမြို့နယ်မှ ကျေးရွာအုပ်စု ၁၆ စု၊ မိုင်းရယ် မြို့နယ်မှ ကျေးရွာအုပ်စု ၈
စု၊ မောက်မယ်မြို့နယ်၊ ကဒူးကြီး ကျေးရွာအုပ်စုတို့၌ ရွေးကောက်ပွဲ ပြုလုပ်ရန်
အခြေအနေမရှိကြောင်း ဖော်ပြထားသည်။
.
မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ရွေးကောက်ပွဲ
အပိုင်း (၁) နှင့် အပိုင်း (၂) တွင် ရပ်ကွက်ပေါင်း ၁၆၁ ရပ်ကွက်နှင့်
ကျေးရွာအုပ်စုပေါင်း ၂၇၇၀ တို့တွင် ရွေးကောက်ပွဲကျင်းပနိုင်မည်မဟုတ်ကြောင်း
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC) က ဒီဇင်ဘာ ၅
ရက်တွင် ကြေညာထားသည်။
.
၂၀၂၅ ခုနှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲ အပိုင်း
(၁) ကို ယခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်တွင် လည်းကောင်း၊ အပိုင်း (၂) ကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ
၁၁ ရက်တွင်လည်းကောင်း ကျင်းပပြုလုပ် သွားမည်ဖြစ်သည်။
.
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ
အပိုင်း (၁) တွင် ပါဝင်သော မြို့နယ် ၁၀၂ မြို့နယ်စာရင်းကို သြဂုတ် ၂၀ ရက်တွင်
ကြေညာချက်အမှတ် ၅၆/၂၀၂၅ ဖြင့် လည်းကောင်း၊ အပိုင်း (၂) တွင် ပါဝင်သော မြို့နယ် ၁ဝဝ
မြို့နယ်စာရင်းကို အောက်တိုဘာ ၂၈ ရက်တွင် ကြေညာချက်အမှတ် ၁၃၁/၂၀၂၅ ဖြင့် လည်းကောင်း
လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲ ကျင်းပရေး အခြေအနေမရှိသည့်
လွှတ်တော်အသီးသီး၏ မဲဆန္ဒနယ် ၁၂၁ နယ်၊ မြို့နယ် ၅၆ မြို့နယ်ကို စက်တင်ဘာ ၁၄
ရက်တွင် ကြေညာချက်အမှတ် ၁၀၃/၂၀၂၅ ဖြင့်လည်းကောင်း ထုတ်ပြန်ကြေညာ ခဲ့ပြီးဖြစ်ကြောင်း
သိရသည်။
.
#ShanGazette #Election2025
.

No comments:
Post a Comment