.
တောင်ကြီး၊ ဇန်နဝါရီ ၈
.
တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် အနောက်မြို့ပတ်လမ်းတို့ကို
ဆက်သွယ်ထားသည့် ရွှေရည်အေးလမ်း (တောင်ကြားလမ်း)တွင် ညပိုင်းအချိန် ဖြတ်သန်းသွားလာသူများ
အန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်ရန်အတွက် လျှပ်စစ်မီးတိုင်များ တပ်ဆင်ပေးရန်လိုအပ်နေကြောင်း
ဒေသခံများထံက သိရသည်။
.
.အဆိုပါရွှေရည်အေး တောင်ကြားလမ်းသည်
စူဠာမုနိလောကချမ်းသာစေတီအနောက်ဘက်၊ ပြည်နယ်မီးသတ်ရုံးရှေ့မှ အနောက်မြို့ပတ်လမ်း၊ လန်ဒန်တိုက်လမ်းဆုံသို့
ဆက်သွယ်ဖောက်လုပ်ထားသည့် လမ်းဖြစ်ပြီး မြို့ပေါ်နေပြည်သူများ အသုံးပြုမှုများပြားသည့်
လမ်းသွယ်တစ်ခုဖြစ်ကြောင်း သိရသည်။
.
“အရင်တုန်းက ဆိုလာမီးလုံးလေးတွေ တပ်ထားပေမဲ့ တချိူ့ဟာတွေက
မလင်းတော့တာရှိတယ်။ နောက်ပြီး ဆိုလာမီးတွေက အလင်းရောင်အားနည်းတော့ သွားလာတဲ့အချိန်
မှောင်တဲ့နေရာရောက်ရင် သတိထားပြီး သွားရတာပေါ့” ဟု ရွှေရည်အေးလမ်းမှ နေ့စဉ် အသွားပြန်ပြုလုပ်နေသူ
ကျောင်းကြီးစုရပ်ကွက်နေ ဒေသခံ တစ်ဦးက ရှမ်းဂေဇက်သို့ ပြောသည်။
.
တောင်ကြီးမြို့တောင်ဘက်တွင် နေထိုင်သည့် အခြေခံလူတန်းစား
အများစုသည် အလုပ်သိမ်းပြန်ချိန်များ တွင် ယင်းလမ်းသွယ်အား အသုံးပြုသွားလာနေကြရသည့်အတွက်
ညပိုင်းတွင် ပြည်သူများ အဆင်ပြေစွာ သွားလာနိုင်ရန် လျှပ်စစ်လမ်းမီးတိုင်များ ပြောင်းလဲတပ်ဆင်ပေးရန်
လိုအပ်နေခြင်းဖြစ်ကြောင်း သိရသည်။
.
“နေ့လယ်ဘက်တွေကတော့ သိပ်ပြဿနာမရှိဘူးပေါ့။ ညပိုင်းအလုပ်ပြန်
မှောင်တဲ့အချိန်ဆိုရင် သတိထားပြီး သွားမှရတယ်။ လမ်းကွေ့လို လူပြတ်တဲ့နေရာမျိုးဆိုရင်
အမျိုးသမီးတွေအတွက် အန္တရာယ်ဖြစ်မှာ စိုးရိမ်ရ တာပေါ့။ လျှပ်စစ်မီးတပ်ပေးရင်တော့ ပိုကောင်းတာပေါ့”
ဟု အခြား ဒေသခံတစ်ဦးကလည်း ၎င်း၏အမြင်ကို ပြောဆိုခဲ့သည်။
.
ယင်းရွှေရည်အေးလမ်းကြားတွင် ညပိုင်း အမှောင်ရိပ်ကျသည့်နေရာများ၌
လူအသွားအလာပြတ်သည့်အချိန် များတွင် လမ်းသွားလမ်းလာတချို့ထံမှ ငွေကြေးနှင့် လက်ဖုန်း
လုယက်ခံရမှုများ ဖြစ်ပွားတတ်ကြောင်း သိရသည်။
.
#ShanGazette #Taunggyi
.

No comments:
Post a Comment