Friday, January 9, 2026

🌸 တောင်ကြီးဂေါက်ကလပ် ရွှေ့ပြောင်းမည်ဟူသောသတင်းမှာ မဟုတ်မှန် ဟုဆို

.

တောင်ကြီး၊ ဇန်နဝါရီ ၁၀

.

ရှမ်းပြည်နယ်မြို့တော်၊ တောင်ကြီးမြို့ပေါရှိ တောင်ကြီးဂေါက်ကလပ်ကို မြို့ပြင်သို့ ပြောင်း‌ရွှေ့ရမည် ဟူသောသတင်းမှာ မဟုတ်မှန်ကြောင်း အဆိုပါဂေါက်က်လပ်က ယနေ့ ဇန်နဝါရီလ ၁၀ ရက်တွင် ထုတ်ပြန်ထားသည်ဟု သိရသည်။

.

.

တောင်ကြီးဂေါက်ကလပ် အလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူး ဦးခင်မောင်သက်ချိုဦး ထုတ်ပြန်ထားသည့် အဆိုပါ ထုတ်ပြန်စာတွင် တောင်ကြီးဂေါက်ကလပ်ကို ရွှေ့ပြောင်းရန်မှာ လုံးဝမဖြစ်နိုင်သလို အစိုးရအဖွဲ့၏ လမ်းညွှန်ချက်လည်း လုံးဝမရှိကြောင်း၊ တောင်ကြီးဂေါက်ကလပ် အလုပ်အမှုဆောင်အဖွဲ့ အနေဖြင့်လည်း ဂေါက်ကွင်း အမှုဆောင်အဖွဲ့က ဂေါက်ကွင်းကြီး ရေရှည်တည်တံ့ခိုင်ရေးနှင့် အသင်းဝင်များ စိတ်အေး ချမ်းသာ လွတ်လပ်ပျော်ရွှင်စွာ ဂေါက်သီးရိုက်ကစားနိုင်ရေးအတွက် အကောင်းဆုံးဖြစ်အောင် ဆက်လက် ကြိုးပမ်း အဆင့်မြှင့်တင် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဖော်ပြပါရှိသည်။

.

တောင်ကြီးမြို့ကို အဆင့်မြှင့်ရန် ဟုဆိုကာ Smart City စီမံကိန်းအရ တောင်ကြီးဂေါက်ကွင်း၊ ရုံးနှင့် ဆေးရုံ အချို့ကို မြို့ပြင် ထုတ်သွားရန်ရှိနေပြီး တောင်ကြီး ဂေါက်ကွင်းကို ကျောက်တလုံးဘက်သွားရာ ၁၄ မိုင်ခန့် ဝေးသည့် ထီးဖောင်းသို့ ပြောင်းရွှေ့ရမည် ဖြစ်ကြောင်း သတင်းအချို့တွင် ဖော်ပြထားကြခြင်းဖြစ်သည်။

.

အဆိုပါ တောင်ကြီးဂေါက်ကလပ်ကို ၁၉၅၁ ခုနှစ်က စတင် တည်ထောင်ခဲ့ခြင်းဖြစ်ပြီး အကျယ်အဝန်း ၈၇ ဧက ရှိကာ နှစ် (၃၀) ဂရန်အမည်ပေါက် ရရှိထားပြီးဖြစ်ကာ ယခုနှစ် ၂၀၂၆ ခုနှစ်၊ ဒီဇင်ဘာလတွင်လည်း တောင်ကြီးဂေါက်ကလပ်၏ ၇၅ နှစ်မြောက် စိန်ရတုပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပသွားရန် ရှိနေကြောင်း သိရသည်။

.

#ShanGazette #Taunggyi #TaunggyiGolfClub

.

No comments:

Post a Comment