.
ဘန်ကောက်၊ ဇန်နဝါရီ ၂၉
.
တော်ဝင်ထိုင်းလေတပ် (RTAF) မှ Beechcraft AT-6TH တိုက်လေယာဉ်တစ်စီးသည် ယနေ့ ဇန်နဝါရီလ
၂၉ ရက်၊ နံနက်ပိုင်းက ထိုင်းနိုင်ငံတောင်ပိုင်း၊ ချင်းမိုင်ခရိုင်တွင် ပျက်ကျခဲ့ပြီး
လောယာဉ်ပေါ်ပါ လေယာဉ်မှူး နှစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
.
.တိုက်လေယာဉ်ငယ်သည် ချွမ်သောင်ခရိုင်၊
ဟွေးမြောင်ဖန်ဆိုင်းရွာရှိ တောအုပ်တစ်ခုတွင် လေ့ကျင့်ပျံသန်းနေစဉ် ပျက်ကျခဲ့ခြင်းဖြစ်ကြောင်း
Bangkok Post သတင်းတွင် ဖော်ပြထားသည်။
.
လေယာဉ်သည် မီးလောင်မှုမဖြစ်ပွားမီ ကျယ်လောင်သော ပေါက်ကွဲသံနှစ်ခု
ကြားခဲ့ရကြောင်း ဒေသခံ များက သတင်းပေးပို့ခဲ့ဟု သတင်းများတွင် ဖော်ပြထားသည်။
.
လက်ရှိတွင် သဘာဝဘေးအန္တရာယ်
ကယ်ဆယ်ရေးအဖွဲ့များနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများသည် အခင်းဖြစ်ပွားရာနေရာသို့
ရောက်ရှိနေပြီး အသေးစိတ်ကို ဆက်လက်စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ကြောင်း သိရသည်။
.
ထိုင်းတော်ဝင်လေတပ်တွင်
တိုက်ခိုက်ရေးမစ်ရှင်များအပါအဝင် ရည်ရွယ်ချက်အမျိုးမျိုးအတွက် AT-6TH လေယာဉ် ၈ စင်း ရှိပြီး ချင်းမိုင်ခရိုင်၊ ဂျောင်ထောင်မြို့နယ်အတွင်းရှိ
အမှတ် (၄၁) လေတပ်စခန်းတွင် အခြေစိုက်ထားကြောင်း သိရသည်။
.
Ref; & Photo - Bandkok Post
.
#ShanGazette #International #Thai #AirCraftCrash
.

No comments:
Post a Comment