Monday, January 12, 2026

🌸 တောင်ကြီးတွင် ဖုန်းဆိုင် မီးလောင်မှုဖြစ်ပွား

.

တောင်ကြီး၊ ဇန်နဝါရီ ၁၃

.

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့၊ အနောက်မြို့ပတ်လမ်း၊ ရတနာသီရိရပ်ကွက်ရှိ ဖုန်းနှင့် ဖုန်းအပို ပစ္စည်းအရောင်းဆိုင်တစ်ခုတွင် ယနေ့ ဇန်နဝါရီလ ၁၃ ရက်၊ နေ့လယ်ပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

.

.

ရတနာသီရိရပ်ကွက်၊ အနောက်မြို့ပတ်လမ်း၊ သုံးလမ်းဆုံအနီးရှိ Cover Star ဖုန်းနှင့် ဖုန်းအပိုပစ္စည်း အရောင်းဆိုင်တွင် ယနေ့ ဇန်နဝါရီလ ၁၃ ရက်၊ နေ့လယ် ၁၁ နာရီခွဲခန့်က မီးလောင်မှုဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

.

မီးလောင်မှုဖြစ်ပွားရာသို့ တောင်ကြီးမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် ၇ စီး၊ အထောက်အကူပြု ယာဉ် ၁ စီးတို့ဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ၁၁ နာရီ ၄၂ မိနစ်တွင် မီးငြိမ်းသွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

.

အဆိုပါ မီးလောင်မှုနှင့် ပတ်သက်၍ ဖြစ်ပွားရသည့်အကြောင်းအရင်းနှင့် ပျက်စီးဆုံးရှုံးမှုအခြေအနေများကို မသိရှိရသေးချေ။

.

ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၆ ရက်ကလည်း တောင်ကြီးမြို့နယ်၊ အေးသာယာမြို့ရှိ စက်သုံးဆီအရောင်းဆိုင် ဂိုဒေါင်တစ်ခုတွင် မီးလောင်မှုဖြစ်ပွားပြီး အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရမှု ဖြစ်ပွားခဲ့သေးသည်။

.

#ShanGazette #Taunggyi #Fire

.

No comments:

Post a Comment