Sunday, February 1, 2026

🌸 လားရှိးတွင် ရွှေချွတ်လုပ်ငန်းအိမ် ဓါးပြတိုက်ခံရပြီး ရွှေ ၅ ပိဿာခန့်နှင့် ငွေသားများ ပါသွား

.

လားရှိုး၊ ဖေဖော်ဝါရီ ၂

.

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့တွင် ယမန်နေ့ ဇန်နဝါရီလ ၁ ရက်၊ နေ့လယ်ပိုင်းက ရွှေချွတ်လုပ်ငန်း လုပ်ကိုင်သည့်နေအိမ် ဓါးပြတိုက်ခံရပြီး ရွှေ ၅ ပိဿာခန့်နှင့် ငွေသားများပါသွားခဲ့ကြောင်း သိရသည်။

.

.

လားရှိုးမြို့၊ ရပ်ကွက် (၄)၊ မဟာဗောဓာရုံကျောင်း အနောက်ဘက်ရှိ ရွှေချွတ်လုပ်ငန်းနေအိမ်တွင် ယမန်နေ့ ဖေဖော်ဝါရီလ ၁ ရက်၊ နေ့လယ် ၁၂ နာရီခန့်က သေနတ်ကိုင်ဆောင်ထားည့် လူ ၇ ဦးခန့်က ကား ၃ စီးဖြင့် ဝင်ရောက်ဓါးပြတိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

ဓါးပြများ ပြန်လည်ထွက်ခွာသွားချိန်တွင် သေနတ်ခြောက်လှန့်ပစ်ခတ်ခဲ့ပြီး ယင်းဓါးပြအုပ်စုထံမှ သေနတ် အတိုတစ်လက် ကျကျန်ရစ်ခဲ့ကြောင်း သိရသည်။

.

“ဆရာတော် ဘုန်းဘုန်း သတ်ခံရတဲ့ ဘုန်းကြီးကျောင်းရဲ့ အနောက်ဘက်က ရွှေဆိုင်အိမ်မှာ ဖြစ်တာပါ။ ဆရာတော် နာရေးမပို့ခင် အချိန်လေးမှာ လူစုတစ်စုက ဓားပြတိုက်သွားတာ” ဟု လားရှိုးမြို့၊ ရပ်ကွက် (၄) နေ အမျိုးသမီးတစ်ဦးက ရှမ်းဂေဇက်မီဒီယာသို့ ပြောသည်။

.

ပြီးခဲ့သည့် ဇန်နဝါရီလ ၂၈ ရက်နေ့က အဆိုပါ ရပ်ကွက်ရှိ မဟာဗောဓာရုံကျောင်းတိုက်တွင် သီတင်းသုံးသည့် စာချဆရာတော် ဦးကေသရ လုပ်ကြံသတ်ဖြန်ခံရမှု ဖြစ်ပွားခဲ့ပြီး ယမန်နေ့ ဖေဖော်ဝါရီ ၁ ရက်က ဆရာ‌တော် ဈာပန နာရေးချမည့်အချိန်တွင် ယင်းကျောင်တိုက်အနီး၌ ဓါးပြတိုက်မှု ထပ်မံဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

.

#ShanGazette #Lashio #Crime

.

 

No comments:

Post a Comment