.
တောင်ကြီး၊ ဖေဖော်ဝါရီ ၂
.
ရှမ်းပြည်နယ်မြို့တော်၊ တောင်ကြီးမြို့၊ မြို့မဈေး
အရှေ့ဘက်မျက်နှာစာတွင် အများပြည်သူကို အသိပေး ဖျော်ရေးအဖြစ် အသုံးပြုနေသည့် LED
ဘုတ်ကို အသစ်ပြောင်းလဲတပ်ဆင်ထားကြောင်း သိရသည်။
.
.အဆိုပါနေရာတွင် ယခင်ကအသုံးပြုနေသည့် LED ဘုတ်မှာ သက်တမ်းကြာမြင့်နေပြီဖြစ်သည့် အတွက် ယခုကဲ့သို့ အစားထိုးလဲလှယ်ခြင်းဖြစ်နိုင်ကြောင်း
တောင်ကြီးမြိုပေါ်နေ ပြည်သူတစ်ဦးက ရှမ်းဂေဇက် မီဒီယာသို ပြောသည်။
.
“အရင်တပ်ထားတဲ့ဟာက ငယ်တယ်ဗျ။ အခုအသစ်တပ်လိုက်တဲ့
TV က တော်တော်ကြီးတယ်။ အရင်တုန်း ကတော့ ဘောလုံးပွဲတွေကို ဒီ TV
ကနေ ပြပေးတော့ မြို့ထဲကလူတွေ ဝိုင်းအားပေးကြ တာပေါ့။ အခုက အသစ်တပ်ထားတုန်းဆိုတော့
ဘာတွေပြမလဲတော့ မပြောတတ်သေးဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။
.
လက်ရှိတွင် တောင်ကြီးမြို့မဈေးကြီးမရှေ့ဘက်
မျက်နှာစာတွင် အသစ်တပ်ဆင်ထားသည့် LED ဘုတ်၌
တောင်ကြီးမြို့နှင့် ဆက်စပ်ပတ်သက်သည့် အကြောင်းအရာများနှင့် အခြား မြန်မာနိုင်ငံအတွင်းရှိ
ထင်ရှားသည့် နေရာများအပြင် အသိပညာပေးမှတ်တမ်းများကို ထုတ်လွှင့်ပြသပေးနေကြောင်း သိရသည်။
.
#ShanGazette #Taunggyi
.

No comments:
Post a Comment