.
တောင်ကြီး၊ ဖေဖော်ဝါရီ ၁၀
.
တောင်ကြီးမြို့နယ်၊ တောင်ကြီး-အေးသာယာ အဆင်းလမ်းတွင်
ယမန်နေ့ ဖေဖော်ဝါရီလ ၉ ရက်၊ ညပိုင်းက ကားတစ်စီး သစ်ပင်အား ဝင်တိုက်မိမှု ဖြစ်ပွားခဲ့ကြောင်း
သိရသည်။
.
.တောင်ကြီး-အေးသာယာ အဆင်းလမ်း၊ မိုင်တိုင်အမှတ်
(၁၁၀/၀) အနီးတွင် ယမန်နေ့ ဖေဖော်ဝါရီလ ၉ ရက်၊ ည ၁၀ နာရီခန့်က ကားတစ်စီးသည် အရှိန်မထိန်းနိုင်ဘဲ
သစ်ပင်အား ဝင်ရောက်တိုက်မိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ ယာဉ်တိုက်မှုကြောင့် ယာဉ်မောင်းတစ်ဦး မစိုးရိမ်ရ
ထိခိုက်ဒဏ်ရာများ ရရှိခဲ့ပြီး လူနာအား လင်းယုန်ပရဟိတအသင်းမှ လူနာတင်ယာဉ်ဖြင့် တောင်ကြီးမြို့၊
စဝ်စံထွန်းဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
.
ယာဉ်တိုက်မှု ဖြစ်ပွားရာသို့ တောင်ကြီးမြို့နယ်မီးသတ်စခန်းမှ
ရှာဖွေကယ်ဆယ်ရေးယာဉ် ၁ စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊
ပရဟိတအသင်းများမှ ကူညီကယ်ဆယ်ရေး လုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း
သိရသည်။
.
#ShanGazette #Taunggyi #Accident
.

No comments:
Post a Comment