Thursday, February 12, 2026

🌸 KBZ Foundation က ငလျင်ဘေးဒဏ်သင့် ညောင်ရွှေမြို့နယ်၊ ဇရပ်ကြီးဘုန်းကြီးကျောင်း ပြန်လည် တည်ဆောက် နိုင်ရေးအတွက် အလှူငွေ ကျပ်သိန်း ၁၀၀၀ ပေးအပ်လှူဒါန်း

.

တောင်ကြီး၊ ဖေဖော်ဝါရီ ၁၂

.

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်၊ ညောင်ရွှေမြို့နယ်၊ ဇရပ်ကြီးကျေးရွာရှိ ဘုန်းတော်ကြီးကျောင်း ပြန်လည်တည်ဆောက်နိုင်ရေးအတွက် KBZ Foundation က အလှူငွေကျပ် သိန်း ၁၀၀၀ လှူဒါန်းပေး ခဲ့ကြောင်း သိရသည်။

.

.

အဆိုပါ ဇရပ်ကြီးကျေးရွာ ဘုန်းတော်ကြီးကျောင်း (ပင်မကျောင်းဆောင်) ပြန်လည်တည်ဆောက်နိုင်ရေး အတွက် KBZ Foundation က ပေးအပ်သော အလှူငွေကျပ် သိန်း ၁၀၀၀ ကို ဖေဖော်ဝါရီလ ၁၀ ရက်က တောင်ကြီးမြို့၊ ရှမ်းတောင်ပရဟိတညီနောင်များကွန်ရက် အသင်းရုံးခန်းမတွင် ဇရပ်ကြီးကျေးရွာ ဘုန်းကြီးကျောင်းဆောက်လုပ်ရေး ကော်မတီ ရပ်မိရပ်ဖများနှင့် ကျောင်းထိုင်ဆရာတော် အလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

ရှမ်းတောင်ပရဟိတညီနောင်များကွန်ရက် အင်ဂျင်နီယာ ကော်မတီသည် ဖေဖော်ဝါရီလ ၅ ရက်တွင် အင်းလေးဒေသ၊ ဇရပ်ကြီးကျေးရွာ ဘုန်းတော်ကြီးကျောင်း (ပင်မဆောင်) ပြန်လည်တည်ဆောက်ရေး လုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

.

KBZ Foundation နှင့် ရှမ်းတောင်ပရဟိတညီနောင်များကွန်ရက် နာယကကြီး ဦးအောင်ကိုဝင်းသည် ဇရပ်ကြီးရွာတွင် ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သည့် ဒေသခံ အိပ်ထောင်စု ၁၃၄ စုအား တစ်အိမ်ထောင် လျှင် ကျပ်သိန်း ၃၀ နှုန်းဖြင့် ကျပ်သိန်းပေါင်း ၄၀၂၀ အားလည်း လှူဒါန်းပေးခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

.

Photo - ရှမ်းတောင်ပရဟိတညီနောင်များကွန်ရက်

.

#ShanGazette #NyaungShwe

.

No comments:

Post a Comment