Monday, February 16, 2026

🌸 အမျိုးသားစာပေ တစ်သက်တာဆုရ ဦးသိန်းသန်းထွန်း၏ “မပန်းပွင့်မိုး နှင့် အခြားကဗျာများ” စာအုပ် မိတ်ဆက်ပွဲနှင့် စာပေ သက်ကြီးပူဇော်ပွဲ ပြုလုပ်

.

တောင်ကြီး၊ ဖေဖော်ဝါရီ ၁၆

.

အမျိုးသားစာပေ တစ်သက်တာဆုရ ဦးသိန်းသန်းထွန်း၏ “မပန်းပွင့်မိုး နှင့် အခြားကဗျာများ” စာအုပ် မိတ်ဆက်ပွဲနှင့် သက်ကြီးစာပေပညာရှင်များ ပူဇော်ကန်တော့ပွဲကို ယနေ့ ဖေဖော်ဝါရီလ ၁၆ ရက်၊ နံနက်ပိုင်းက တောင်ကြီးမြို့၊ လူထုအခြေပြုဗဟိုဌာန၊ ဘက်စုံသုံးခန်းမတွင် ကျင်းပြုလုပ်ခဲ့ကြောင်း သိရသည်။

.

.

အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်နှင့် မြန်မာနိုင်ငံ စာရေးဆရာအသင်း ဥက္ကဋ္ဌ ဦးအုန်းမောင် (မြင်းမူ-မောင်နိုင်မိုး) တို့က အမှာစကားများ အသီးသီးပြောကြား ခဲ့ပြီး မြန်မာနိုင်ငံစာရေးဆရာအသင်း (ဗဟို) မှ ပေးအပ်သော အလှူငွေနှင့် ပစ္စည်းများကို ကန်တော့ခံ သက်ကြီး စာရေးဆရာကြီး၊ ဆရာမကြီးများဖြစ်သည့် အမျိုးသားစာပေ တစ်သက်တာဆုရ ဦးသိန်းသန်းထွန်း၊ စာရေးဆရာမကြီး အင်းလေးသန္တာခင်နှင့် စာရေးဆရာ မောင်ရွှေ‌နွယ်-အင်းလေး တို့ကို အသီးသီး ပေးအပ် လှူဒါန်းခဲ့ကြောင်း သိရသည်။

.

ထို့နောက် မြန်မာနိုင်ငံစာရေးဆရာအသင်း ဥက္ကဋ္ဌ မြင်းမူမောင်နိုင်မိုးက မပန်းပွင့်မိုး ကဗျာစာအုပ်နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး စာရေးသူ ဆရာကြီး ဦးသိန်းသန်းထွန်းက ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့ကြောင်း သိရသည်။

.

“မပန်းပွင့်မိုး နှင့် အခြားကဗျာများ” စာအုပ်သည် ဆရာကြီး ဦးသိန်းသန်းထွန်း၏ ယခင် ရေးသားထားခဲ့သည့် ကဗျာအပုဒ်ရေပေါင်းများစွာအနက် ကောင်းနိုးရာရာ ကဗျာပုဒ်ရေ ၅၀ ကို ရွေးချယ်၍ နိုင်ငံ့ဂုဏ်ရည် ပုံနှိပ်တိုက် က ပြန်လည်ပုံနှိပ်ထုတ်ဝေခြင်းဖြစ်ကြောင်း သိရသည်။

.

#ShanGazette #Taunggyi #Literaure

.

No comments:

Post a Comment