Friday, February 20, 2026

🌸 ကျိုင်းတုံနှင့် ကျေးသီးတို့တွင် မီးလောင်မှုဖြစ်ပွား

.

ကျိုင်းတုံ၊ ဖေဖော်ဝါရီ ၂၁

.

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နှင့် ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းရှူးခရိုင်၊ ကျေးသီးမြို့နယ်တို့တွင် ယမန်နေ့ ဖေဖော်ဝါရီလ ၂၀ ရက်၊ ညပိုင်းနှင့် ယနေ့ ဖေဖော်ဝါရီလ ၂၁ ရက်၊ နံနက်အစောပိုင်းတို့က မီးလောင်မှု တစ်ခုစီ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

.

.

ကျိုင်းတုံမြို့နယ်၊ ဝပ်ဆောင်းကျေးရွာအုပ်စု၊ လွိုင်ခိုက်ကျေးရွာတွင် ယမန်နေ့ ဖေဖော်ဝါရီလ ၂၀ ရက်၊ ည ၁၁ နာရီခန့်က လူနေအိမ်တစ်လုံး မီးလောင်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

မီးလောင်မှုဖြစ်ပွားရာသို့ ကျိုင်းတုံခရိုင်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် ၂ စီး၊ ကျိုင်းတုံမြို့နယ် မီးသတ် စခန်းမှ မီးငြှိမ်းသတ်ယာဉ် ၂ စီး၊ ကတ်တောင်းနယ်မြေစခန်းမှ မီးငြှိမ်းသတ်ယာဉ် ၁ စီး၊ သန္ဓေနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ည ၁၁ နာရီ ၂၀ မိနစ်ခန့်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

.

အလားတူ မိုင်းရှူးခရိုင်၊ ကျေးသီးမြို့နယ်၊ ဟော်ကုန်းရပ်ကွက်၊ ရာဇသီရိမင်္ဂလာ ဟော်ခန်း ကျောင်းတိုက် တွင် ယနေ့ ဖေဖော်ဝါရီလ ၂၁ ရက်၊ နံနက် ၃ နာရီခန့်က မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

.

မီးလောင်မှု ဖြစ်ပွားရာသို့ ကျေးသီးမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် ၃ စီး၊ သန္ဓေမီးသတ် တပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာအဖွဲ့အစည်းများဖြင့် ပူးပေါင်း၍ သွားရောက်ငြှိမ်းသတ်ခဲ့ရာ နံနက် ၃ နာရီ ၁၅ မိနစ်ခန့်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

.

မီးလောင်မှုနှင့် သဘာဝဘေးအန္တရာယ်များ၊ အခြား ရုတ်တရက်ဖြစ်ပွားသော ဘေးအန္တရာယ်များ ကြုံတွေ့ပါက မီးသတ်ဦးစီးဌာန၏ အရေးပေါ်ဖုန်းနံပါတ်များသို့ ဆက်သွယ်သတင်းပေးပို့ အကူအညီတောင်းခံနိုင် ကြောင်း မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

.

#ShanGazette #KengTung #KyeThi #Fire

.

No comments:

Post a Comment