.
တောင်ကြီး၊ ဖေဖော်ဝါရီ ၂၄
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင်
ဖေဖော်ဝါရီလ ၂၂ ရက်က အွန်လိုင်း လောင်းကစားလုပ်ငန်း လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသားများအား
လောင်ကစားပြုလုပ်ရာတွင် အသုံပြုသည့် ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော
ပူးပေါင်းအဖွဲ့များသည် လဲချားမြို့နယ်အတွင်း လေကြောင်း ကင်းထောက် ၍
နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်စဉ် လဲချားမြို့နယ်၊ ဝမ်ပန်ကျေးရွာအုပ်စု၊
နောင်လုံကျေးရွာ၏ အနောက်ဘက် မီတာ ၃၀၀၀ ခန့်အကွာ၌ မသင်္ကာဖွယ်အဆောက်အအုံများကို
တွေ့ရှိရ သဖြင့် ဖေဖော်ဝါရီ ၂၂ ရက် နေ့လယ် ၁၂ နာရီတွင် သွားရောက်ရှင်းလင်းစစ်ဆေးရာ
အွန်လိုင်း လိမ်လည် လောင်းကစားမှုများ လုပ်ဆောင်နေသည့် နေရာတစ်ခုဖြစ်ကြောင်း
တွေ့ရှိရပြီး အွန်လိုင်းလိမ်လည် လောင်းကစားမှုများ လုပ်ကိုင်နေကြသည့် တရုတ်နိုင်ငံသား
အမျိုးသား ၂၀ ဦးကို ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
ထို့အပြင် အဆိုပါ တရုတ်နိုင်ငံသားများနှင့်အတူ အွန်လိုင်း
လိမ်လည်လောင်းကစား ပြုလုပ်ရာတွင် အသုံးပြသည့် အလျား ၈၀ ပေ၊ အနံ ၂၀ ပေရှိ
လူနေအဆောက်အအုံ ၁ လုံး၊ အလျား ၈၀ ပေ အနံ၂၀ ပေ ရှိအလုပ်ရုံအဆောက်အအုံ ၁ လုံး၊ အလျား
၅၀ ပေ၊ အနံ ၂၀ ပေရှိ ထမင်းစားဆောင် ၁ လုံး၊ ၁၀ ခန်းတွဲ အိမ်သာ ၁ လုံး၊ STARLINK
ဗန်း ၂ ခု၊ ဆက်စပ်ပစ္စည်းများနှင့်အတူ တွေ့ရှိဖမ်းဆီးထိန်းသိမ်းခဲ့ခြင်း
ဖြစ်ကြောင်း သိရသည်။
.
အလားတူ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော
ပူးပေါင်းအဖွဲ့များသည် အသေးစိတ် နယ်မြေရှင်းလင်းခြင်းများ ဆက်လက်ဆောင်ရွက်ခဲ့ရာ
ဖေဖော်ဝါရီ ၂၂ ရက် ညနေ ၆ နာရီ ၁၅ မိနစ်ခန့်တွင် လဲချားမြို့နယ်၊ တပ်မောက် ကျေးရွာ၏
အနောက်ဘက် မီတာ ၂၅၀၀ ခန့်အကွာသို့အရောက်၌ တရားမဝင် တရုတ်နိုင်ငံသား ၅ ဦးအား
တွေ့ရှိသဖြင့် စစ်ဆေးခဲ့ရာ အွန်လိုင်းလိမ်လည်လောင်းကစားမှုများတွင်
ပါဝင်ပတ်သက်သူများဖြစ်ကြောင်း သိရှိရပြီး ၎င်းတို့အား
ထပ်မံဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း သိရသည်။
.
အဆိုပါ ဖမ်းဆီးရမိသူများ၏
ထုတ်ဖော်ပြောကြားချက်များအရ ၎င်းတို့သည် တရုတ်နိုင်ငံတွင် ပန်းရံ၊ ယာဉ်မောင်း
စသည့်လုပ်ငန်းများ လုပ်ကိုင် ကြသူများဖြစ်ပြီး ငွေကြေးအခက်အခဲများကြောင့် We
Chat တွင် အလုပ်အကိုင်ရှာဖွေ ကြရာ တရုတ်-မြန်မာနယ်စပ်၌
ဝင်ငွေကောင်းသည့် အလုပ်အကိုင်များရရှိမည်ဟု စည်းရုံးပြောကြားလာသဖြင့် အလုပ်အကိုင်ရှာဖွေပေး
သူများနှင့် ချိတ်ဆက်၍ တရုတ်နိုင်ငံ၊ ဆစ်ဆောင်ပန်းနားမြို့မှ မြန်မာနိုင်ငံ၊
ပန်ဆန်းမြို့၊ ထိုမှတဆင့် မိုင်းရယ်မြို့သို့လည်းကောင်း၊ တရုတ်နိုင်ငံ၊
ချောင်ချွန်းမြို့မှ မြန်မာနိုင်ငံ မိုင်းလားမြို့သို့လည်းကောင်း အဆင့်ဆင့်
တရားမဝင် ဝင်ရောက်လာခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။
.
ထို့နောက် အဆိုပါမြို့များရှိ
တရားမဝင်ရောက်ရှိနေကြသူများ ထပ်မံရောက်ရှိလာကြသူ များနှင့် စုပေါင်းကာ
အမည်မသိသူများ၏ ခေါ်ဆောင်မှုများနောက်သို့ မော်တော်ယာဉ် များဖြင့်
အဆင့်ဆင့်လိုက်ပါခဲ့ကြရပြီး လက်ကိုင်ဖုန်းများအား သိမ်းဆည်းခံထားရခြင်း၊
မျက်နှာများအား အဝတ်များ စည်းထားခြင်းတို့ ပြုလုပ် ခံခဲ့ရကြောင်း၊
အချို့တရုတ်နိုင်ငံ သားများမှာ မိုင်းရယ်မြို့အနီးရှိ အွန်လိုင်းလိမ်လည်လောင်းကစားလုပ်ငန်း
များ၌ လုပ်ကိုင်ခဲ့ကြရကြောင်း သိရသည်။
.
အဆိုပါ နေရာများမှတဆင့်
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လဲချားမြို့နယ်၊ နောင်လုံကျေးရွာအနီး၌ အွန်လိုင်း လိမ်လည်လောင်းကစားမှုများ
ဆက်လက်လုပ်ကိုင်ရန် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ရောက်ရှိ ခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ ဖမ်းဆီးရမိသူများကို ဥပဒေနှင့်အညီ
ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ပြီး
နောက်ကွယ်မှပါဝင်ပတ်သက်သူများကိုလည်း စိစစ်ဖော်ထုတ် ကာ တရားဥပဒေနှင့်အညီ
ထိရောက်စွာ အရေးယူနိုင်ရေးဆက်လက်ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။
.
ထို့ပြင် သိမ်းဆည်းရမိ
အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ် ပစ္စည်းများကို
လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
.
#ShanGazette #Laihka
.

No comments:
Post a Comment