.
တောင်ကြီး၊ ဖေဖော်ဝါရီ ၂၆
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ တန့်ယန်းမြို့တွင် ဖေဖော်ဝါရီလ
၂၁ ရက်က “ဝ”တပ်ဖွဲ့အယောင်ဆောင်ပြီး ရွှေဆောင်လုယက်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.
.
တန့်ယန်းမြို့ရှိ ရွှေဆိုင်တစ်ခုတွင် ဖေဖော်ဝါရီလ
၂၁ ရက်က UWSA “ဝ” တပ်ဖွဲ့ ယူနီဖောင်း ဝတ်စုံ ဝတ်ဆင်ထားသူတစ်ဦးကမျက်နှာဖုံးစွပ်ကာ
ဓါးပြဝင်တိုက်ပြီး ရွှေလက်စွပ် ၃ ကွင်း လုယူထွက်ပြေး သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
အဆိုပါ လုယက်သူ အမျိုးသားကို ဖေဖော်ဝါရီလ ၂၃ ရက်၊
ညနေပိုင်းတွင် “ဝ” တောင်ပိုင်း စစ်ဒေသ ၁၇၁ တပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ပြီး ခိုးယူသွားသည့်
လက်စွပ် ၃ ကွင်းကို ပိုင်ရှင်ထံ ပြန်လည်ပေးအပ်ခဲ့ကြောင်း UWSA သတင်းများတွင်
ဖော်ပြထားသည်။
.
ကျူးလွန်သူသည် တန့်ယန်းမြို့နယ်၊ ဘာဖန်ကျေးရွာတွင်
နေထိုင်သူတစ်ဦးဖြစ်ပြီး ဆွံ့အ နားမကြားသူ ဖြစ်ကြောင်း သိရသည်။
.
ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ ဩဂုတ်လအတွင်းကလည်း တန့်ယန်းမြို့တွင်
UWSA “ဝ” တပ်ဖွဲ့ အယောင်ဆောင် ကာ ဓါးပြမှုနှင့် လူကုန်ကူးမှု
ကျူးလွန်သူ ၁၇ ဦးကို ဖမ်းဆီးရမိမှုတစ်ခု ဖြစ်ပွားခဲ့သေးသည်။
.
#ShanGazette #TangYan #UWSA
.
.jpg)
No comments:
Post a Comment