.
တောင်ကြီး ဖေဖော်ဝါရီ ၄
.
ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့ပေါ်တွင်
ကုန်တင်ယာဉ်ကြီးများနှင့်တွဲယာဉ်များဖြတ်သန်း မောင်းနှင်ချိန်များတွင် မြို့ပေါ်သွားလာနေသည့်
အိမ်စီးကားငယ်များနှင့် မော်တော်ဆိုင်ကယ် စီးနင်းမောင်းနှင်သူများ အနေဖြင့် ယာဉ်အန္တရာယ်
ကင်းရှင်းစေရန်အတွက် သတိပြုသွားလာ ရန်လိုအပ်ကြောင်းသိရသည်။
.
.တောင်ကြီးမြို့ အနောက်မြို့ပတ်လမ်းပေါ်တွင်
ကုန်တင်တွဲယာဉ်များဖြတ်သန်းချိန်များတွင်ယာဉ်ကြော ကြပ်တည်းမှု မကြာခဏဖြစ်ပေါ်တတ်ပြီး
ယာဉ်မတော်တဆမှုများလည်းမကြာခဏဖြစ်ပွား နေကြောင်း သိရသည်။
.
“အခုက နေ့လယ်ပိုင်းတွေလည်း တစ်နေကုန်ဖြတ်နေကြာတာ။
ညပိုင်းမှောင်တဲ့အချိန်ဆိုရင် ပိုပြီး များတယ်။ လမ်းပိတ်တာတွေနဲ့ ယာဉ်တိုက်မှုတွေက
ဖြစ်တာများတော့ မြို့ထဲက ကားငယ်တွေ၊ ဆိုင်ကယ်တွေ သတိထားဖို့လိုပါတယ်” ဟု တောင်ကြီးမြို့၊
အနောက်မြို့ပတ်လမ်းတွင် နေထိုင်သူတစ်ဦးက ရှမ်းဂေဇက်မီဒီယာ သို့ပြောသည်။
.
တောင်ကြီးမြို့၏ တောင်ဘက်တွင် အေးသာယာ
စက်မှုဇုန်ဘက်မှဖောက်လုပ်ထားသည့် မြို့ရှောင်လမ်း ရှိသော်လည်း အဆိုပါလမ်းမှာ အတက်အဆင်း
မတ်စောက်သည့်အတွက် ကုန်တင်ယာဉ်များ၊ တွဲယာဉ်ကြီးများ အသုံးပြုရန် ခက်ခဲနေပြီး တောင်ကြီးမြို့ပေါ်ရှိ
အနောက်မြို့ပတ်လမ်း ကိုသာ အသုံးပြု သွားလာနေရခြင်းဖြစ်ကြောင်းသိရသည်။
.
“မြို့ရှောင်လမ်းက အတက်အဆင်းကြီးတော့ ကားငယ်တွေတောင်
မနည်းမောင်းနေရတာပါ။ ကုန်တင် ကားကြီးတွေ အတက်အဆင်းလုပ်ဖို့ ဘယ်လိုမှ အဆင်မပြေပါဘူး။
ကျွန်တော်ကတော့မြို့ထဲရောက်ရင် ဖြည်းဖြည်းပဲ မောင်းပါတယ်။ တချို့ စည်းကမ်းပျက်မောင်းတာတွေလည်း
ရှိချင်ရှိမှာပါ” ဟု ကုန်တင် ယာဉ်မောင်းတစ်ဦးကလည်း ပြောဆိုခဲ့သည်။
.
ညပိုင်း အလင်းရောင်အားနည်းသည့် အချိန်များတွင် ယာဉ်ကြောကြပ်တည်းမှုနှင့်
ယာဉ်မတော်တဆ မှုများပိုမိုဖြစ်ပွားတတ်သည့်အတွက် ယာဉ်အသုံးပြုသူများအနေဖြင့် စည်းကမ်းပျက်
မောင်းနှင်ခြင်းများ မပြုလုပ်ရန် ဒေသခံများက ပြောဆိုကြသည်။
.
#ShanGazette #Taunggyi
.

No comments:
Post a Comment