Wednesday, February 25, 2026

🌸 မိုင်းဆတ်မြို့နယ်တွင် မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ

.

တောင်ကြီး၊ ဖေဖော်ဝါရီ ၂၆

.

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်မြို့နယ်၊ ဝမ်လုံကျေးရွာအနီးတွင် ဖေဖော်ဝါရီလ ၂၄ ရက်၊ မွန်းလွဲပိုင်းက မူးယစ်ဆေးဝါး ချက်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများအား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

.

.

တာချီလိတ်မြို့၏ အနောက်မြောက်ဘက် ၃၀ ကီလို မီတာခန့်အကွာ၌ မူးယစ်ဆေးဝါးများ ထုတ်လုပ်နေကြောင်း သတင်းအရ ပူးပေါင်းအဖွဲ့သည် နယ်မြေရှင်းလင်းခြင်းများ သွားရောက်ဆောင်ရွက်ရာ ဖေဖော်ဝါရီ ၂၄ ရက် မွန်းလွဲ ၂ နာရီခန့်တွင် မိုင်းဆတ်မြို့နယ်၊ မိုင်းခုတ်မြို့၏ အရှေ့တောင်ဘက် ၁၉ ကီလိုမီတာ၊ ဝမ်လုံးကျေးရွာ၏ တောင်ဘက် ၈ ကီလိုမီတာခန့် အကွာနေရာ၌ မူးယစ်ဆေးဝါးများနှင့် မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် ပစ္စည်းများအား သိမ်းဆည်းရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

.

သိမ်းဆည်းရမိခဲ့သော မူးယစ်ဆေးဝါးနှင့် ဆက်စပ်စ္စည်းများမှာ Promethazine တံဆိပ်ပါ ချောင်းဆိုးပျောက် ဆေးရည် ၁၀၀ ဘူး (၅၀ ဘူးစီပါ နှစ်ဖာ)၊ Food Colour တံဆိပ်ပါ အပြာရောင်ဆေးဘူးအကြီး ၁၈ ဘူးနှင့် ဘူးအသေး ၄၁ ဘူး၊ စိစစ်ဆဲဆေးရည်ပုလင်းအသေး ၅၀၀ လုံး၊ မျောက်ခေါင်း တံဆိပ်ပါအနံ့ဆေးရည် ၁၅ ဖာ (တစ်ဖာလျှင် ဘူး ၂၀ ခန့်)၊ စိစစ်ဆဲအဖြူရောင်အမှုန့်ဆာလာအိတ် တစ်ဝက်ခန့်စီပါ ​ခြောက်အိတ်၊ ဘိန်းမည်း ၃ ထုပ်၊ ဘိန်းဖြူဘလောက်တုံးတစ်တုံး၊ စိစစ်ဆဲအနက်ရောင် အထုပ်တစ်ထုပ်၊ အဖြူရောင်ပုံဆောင်ခဲ တစ်ကီလိုဂရမ်စီပါ ၉ ထုပ်၊ တိပ်ဝါများပိတ်ထားသည့် WY ဆေးပြား ၆၀၀၀ ပြားခန့်ပါ ၁၂ စည်း၊ ၉၉၉ တံဆိပ်ပါ တိပ်ဝါပတ်လျက် WY ဆေးပြား ၁၀၀၀၀ ပြားခန့်ပါ ၁၀ စည်း၊ ထုပ်ပိုးရခြင်းမရှိသေးသည့် WY ဆေးပြား ဆာလာအိတ် တစ်ဝက်ခန့်စီပါ ၁၂ အိတ်၊ WY ဆာလာအိတ် တစ်ဝက်ခန့်စီထည့်ထားသည့် ဆေးပြားထုတ်လုပ်ရာတွင် အသုံးပြုသည်ဟု ယူဆရသည့် ဆေးမှုန့် ၁၂ အိတ်၊ ရိုက်တံမိုနှစ်ဖာနှင့် ဆက်စပ်ပစ္စည်းများ ထည့်သွင်းထားသည့် အပြာရောင်ဘူးကြီး ၁၄ ဘူး၊ ကီလိုချိန်စက် ၃ လုံး၊ မီးစက်အကြီးတစ် လုံး၊ မွှေစက်အသေးသုံးလုံးနှင့် အခြောက်ခံဗန်းဆိုဒ်စုံ ၃၂ ခု တို့ဖြစ်ကြောင်း သိရသည်။

.

အဆိုပါ သိမ်းဆည်းရမိ မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် ပစ္စည်း များအား ပညာရှင်များ ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် အသေးစိတ်စစ်ဆေး၍ လုပ်ထုံးလုပ်နည်းနှင့်အညီ သက်ဆိုင်ရာဌာနများသို့ လွှဲပြောင်းအပ်နှံခြင်း၊ စနစ်တကျ မီးရှို့ဖျက်ဆီးခြင်းများ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် ပါဝင်ပတ်သက် သူများအား စနစ်တကျ စိစစ်ဖော်ထုတ်ကာ ထိရောက်စွာ အရေးယူ ဆောင်ရွက်ခြင်းများ ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

.

#ShanGazette #MongHsat

.

 

No comments:

Post a Comment