Wednesday, February 25, 2026

🌸 လားရှိုးတွင် အမျိုးသမီးတစ်ဦး ပြန်ပေးဆွဲခံရ

.

လားရှိုး၊ ဖေဖော်ဝါရီ ၂၅

.

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့တွင် ယမန်နေ့ ဖေဖော်ဝါရီလ ၂၄ ရက်၊ ညနေပိုင်းက အမျိုးသမီးတစ်ဦး ကို အမည်မသိ အမျိုးသား ၃ ဦးက သေနတ်ပြ ခြိမ်းခြောက်ကာ ပြန်ပေးဆွဲမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

.


.

လားရှိုးမြို့၊ ရပ်ကွက် (၅) ရှိ ကုန်စုံဆိုင် တစ်ခုအတွင်းသို့ ယမန်နေ့ ညနေ ၄ နာရီခွဲခန့်က အမျိုးသား ၃ ဦး ရောက်ရှိလာပြီး ဆိုင်အတွင်းရှိသူများကို သေနတ်ပြ ခြိမ်းခြောက်ကာ ကောင်တာတွင် ထိုင်နေသည့် အသက် ၂၃ နှစ် အရွယ် အမျိုးသမီးတစ်ဦးကို ပြန်ပေးဆွဲခေါ်ဆောင်သွားကာ ဆိုင်ကောင်တာအတွင်းရှိ ရောင်းရငွေ အချို့ကိုလည်း ယူဆောင်သွားခဲ့ကြောင်း သိရသည်။

.

လားရှိုးမြို့ ပြန်လည်ထူထောင်ရေးကာလအတွင်း လုံခြုံရေးအားနည်းနေချိန်တွင် လုယက်မှု၊ လူသတ်မှု၊ ပြန်ပေးဆွဲမှု၊ အနုကြမ်းစီးမှုများ မကြာခဏဖြစ်ပွားနေသည့်အတွက် ဂရုပြုရန် လိုကြောင်း မြို့ခံများက ပြောဆိုကြသည်။

.

လားရှိုးမြို့တွင် ယမန်နေ့ ဖေဖော်ဝါရီလ ၂၄ ရက် တစ်ရက်အတွင်း အခြား လုယက်မှုများလည်း ဖြစ်ပွားခဲ့ သေးပြီး ကျူးလွန်သူတစ်ဦးကို ဖမ်းဆီးရမိထားကြောင်း သိရသည်။

.

#ShanGazette #Lashio

.

No comments:

Post a Comment