.
တောင်ကြီး၊ ဖေဖော်ဝါရီ ၁၃
.
ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့ပေါ်ရှိ ရေမြောင်းများအတွင်း
စည်းကမ်းမဲ့အမှိုက်စွန်ပစ်များ ရှိနေပြီး သဘာ၀ပတ်ဝန်းကျင် ထိခိုက်လာမည်ကို စိုးရိမ်ရသဖြင့်
တာဝန်ရှိသူများမှ ထိန်းသိမ်းကြပ်မတ် အရေးယူ မှုများ လုပ်ဆောင်ရန် လိုအပ်နေကြောင်း
သိရသည်။
.
.ရေမြောင်းများအတွင်း စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုများကြောင့်
မြို့တော်၏ သဘာဝပတ်၀န်းကျင်ကို ဆိုးရွားစွာ ပျက်စီးစေနိုင်သည့်အပြင် ရေမြောင်း အနီးတစ်ဝိုက်တွင်
နေထိုင်ကြသည့် ပြည်သူများ၏ ကျန်းမာရေးဆိုင်ရာ များကိုလည်း ထိခိုက်မှုများ ဖြစ်ပေါ်လာနိုင်ကြောင်း
မြို့ခံများက ပြောဆိုကြသည်။
.
“စည်းကမ်းမဲ့ အမှိုက်တွေကြောင့် မြို့ရဲ့ဂုဏ်သိက္ခာ
ထိခိုက်လာမယ်ဗျာ။ သဘာဝပတ်၀န်းကျင်တွေ ပျက်စီးလာမယ်။ နောက်အဲဒီအမှိုက်တွေကနေ ရောဂါပိုးတွေ
ဖြစ်လာရင် ဒေသခံ ပြည်သူတွေပဲ ဒုက္ခရောက်ကြလိမ့်မယ်” ဟု တောင်ကြီးမြို့ပေါ်နေ ပြည်သူတစ်ဦးက
ရှမ်းဂေဇက်မီဒီယာ သို့ပြောသည်။
.
တောင်ကြီးမြို့ပေါ် အမှိုက်သိမ်းဆည်းရေးလုပ်ငန်းကို
တောင်ကြီးအီကိုကုမ္ပဏီက စည်ပင်သာယာရေးဌာနှင့် အကျိုးတူ ဆောင်ရွက်နေခြင်းဖြစ်ပြီး အမှိုက်သိမ်းဆည်းခ
ကောက်ခံရာတွင် ဈေးနှုန်းကြီးမြင့်မှုကြောင့် ယင်းကဲ့သို့ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုများ
ဖြစ်ပေါ်လာခြင်း ဖြစ်ကြောင်း သုံးသပ်ပြောဆိုမှုများလည်း ရှိနေသည်။
.
“အရင်တုန်း အမှိုက်ပစ်ရင် ၅၀၀၀ လောက်ပဲပေးရတာ။ အခုကုမ္ပဏီအသစ်ပြောင်းတော့
၁၀၀၀၀ ကျော် လောက်ပေးရတယ်။ တချို့ကလည်း ဈေးကြီးလို့ဆိုပြီး ပိုက်ဆံမပေးချင်တော့ ရေမြောင်းတွေထဲ
သွားပစ်ကြတာပေါ့။ စည်းကမ်းမဲ့ အမှိုက်ပစ်တာမျိုးကတော့ မလုပ်သင့်ပါဘူး” ဟု အခြား ဒေသခံတစ်ဦး
ကလည်း ၎င်း၏အမြင်ကို ပြောဆိုခဲ့သည်။
.
ရေမြောင်းများအတွင်း စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုများနှင့်
ပတ်သက်၍ စည်ပင်သာယာရေးဌာနနှင့် သက်ဆိုင်ရာရပ်ကွက် အုပ်ချုပ်ရေးမှူးများက ထိန်းသိမ်းကြီးကြပ်ရန်
တာဝန်ရှိနေပြီး စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုများကို ထိထိရောက်ရောက်အရေးယူဆောင်ရွက်
ရန်လိုအပ်ကြောင်းနှင့် ပြည်သူများ အနေဖြင့်လည်း စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုများအား
ကိုယ်ပိုင် အသိစိတ်ဓာတ်ဖြင့် ပြင်ဆင်ရန် လိုအပ်ကြောင်း ဒေသခံများက ပြောဆိုကြသည်။
.
#ShanGazette #Taunggyi
.

No comments:
Post a Comment