Friday, March 20, 2026

🌸 ရှမ်းပြည်နယ်လွှတ်တော် ဥက္ကဋ္ဌအဖြစ် စိုင်းလုံကျော် ရွေးချယ်တင်မြှောက်ခံရ

.

တောင်ကြီး၊ မတ် ၂၀

.

တတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် ဥက္ကဌ အဖြစ် စိုင်းလုံကျော် ကို ရှမ်းပြည်နယ်လွှတ်တော်က ရွေးချယ် တင်မြှောက်ခဲ့ကြောင်း သိရသည်။

.

.

တတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး၊ ပထမ‌နေ့ကို ယနေ့ မတ်လ ၂၀ ရက်၊ နံနက် ၁၀ နာရီတွင် တောင်ကြီးမြို့ရှိ ရှမ်းပြည်နယ်လွှတ်တော်ရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

.

အဆိုပါ အစည်းအဝေးတွင် ရှမ်းပြည်နယ်လွှတ်တော် ဥက္ကဌအဖြစ် စိုင်းလုံကျော် ကို လည်းကောင်း၊ ဒုဥက္ကဌ အဖြစ် စိုင်းထွန်းစိန် ကို လည်းကောင်း အသီးသီး ရွေးချယ် တင်မြှောက်ခဲ့ခြင်း ဖြစ်သည်၊

.

ပြည်နယ်လွှတ်တော် ဥက္ကဌအဖြစ် ရွေးချယ်တင်မြှောက်ခံရသည့် စိုင်းလုံကျော် သည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြုဖြင့် ရှမ်းပြည်နယ်လွှတ်တော်၊ ဖယ်ခုံမြို့နယ် မဲဆန္ဒနယ် (ကိုယ်စားလှယ် အမှတ်-၂)မှ ရှမ်းပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးချယ် တင်မြှောက်ခံရသူ ဖြစ်ပြီး ၎င်းသည် NLD အစိုးရလက်ထက်တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ စိုက်ပျိုး‌ရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး အဖြစ် တာဝန် ထမ်းဆောင်ခဲ့ဖူးသူ ဖြစ်ကြောင်း သိရသည်။

.

ထို့အတူ ပြည်နယ်လွှတ်တော် ဒုဥက္ကဌအဖြစ် ရွေးချယ်တင်မြှောက်ခံရသည့် စိုင်းထွန်းစိန် သည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြုဖြင့် ရှမ်းပြည်နယ်လွှတ်တော်၊ မိုင်းပျဥ်းမြို့နယ် မဲဆန္ဒနယ် (ကိုယ်စားလှယ် အမှတ်-၁)မှ ရှမ်းပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးချယ် တင်မြှောက်ခံရသူ ဖြစ်ကြောင်း သိရသည်။

.

#ShanGazette #ShanParliament

.

No comments:

Post a Comment