.
တောင်ကြီး၊ မတ် ၂၁
.
တောင်ကြီးမြို့၊ သစ်တောရပ်ကွက်ရှိ ဆိုင်တစ်ဆိုင်ရှေ့တွင်
ခေတ္တရပ်နားထားသည့် ဆိုင်ကယ်တစ်စီး ယမန်နေ့ မတ်လ ၂၀ ရက်၊ ညပိုင်းက ခိုးယူခံခဲ့ရကြောင်း
သိရသည်။
.
.သစ်တောရပ်ကွက်၊ အထက (၁) ကျောင်းအနီးရှိ Mini
sushi ဆိုင်ရှေ့တွင် ရပ်ထားသည့် HONDA အဖြူရောင်
မော်တော်ဆိုင်ကယ်တစ်စီး ခိုးယူခံခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။
.
“ဆိုင်သိမ်းနေတုန်း ရပ်ထားတာကို အခိုးခံရတာ။
ဘေးအိမ်က CCTV မှာ အသက် ၄၀ လောက် လူ တစ်ဦး သော့လိုမျိုးနဲ့
ခိုးသွားတာ တွေ့ရတယ်။ ရဲကို တိုင်ဖို့ စီစဥ်နေပါတယ်” ဟု
ပိုင်ရှင် ဖြစ်သူက ပြောသည်။
.
ယင်း ခိုးယူခံရသည့် မော်တော်ဆိုင်ကယ်မှာ မကြာသေးမီကပင်
ငွေကျပ် ၅၈ သိန်းဖြင့် ဝယ်ယူထားခဲ့ခြင်း ဖြစ်ပြီး အဆိုပါဆိုင်အနီးရှိ နေအိမ်တွင်လည်း
မကြာသေးမီက ဆိုင်ကယ် ၂ စီး ခိုးယူခံခဲ့ရဖူးကြောင်း သိရသည်။
.
#ShanGazette #Taunggyi
.

No comments:
Post a Comment