Tuesday, March 24, 2026

🌸 ဟဲဟိုးတွင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွား

.

ဟဲဟိုး၊ မတ် ၂၄

.

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ ဟဲဟိုးမြို့၊ သီခေါင်တောင်ကျေးရွာအုပ်စု၊ ပေါပဲကျေးရွာ အနီးတွင် ယ‌နေ့ မတ်လ ၂၄ ရက်၊ ညနေပိုင်းက ယာဉ်တိမ်းမှောက်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

.

.

သီခေါင်တောင်ကျေးရွာအုပ်စု၊ ပေါပဲပင်ကျေးရွာအနီး၊ ပြည်ထောင်စု လမ်းမကြီး၊ မိုင်တိုင်အမှတ်(၈၇/၅)နှင့် (၈၇/၆)ကြား တွင် ယနေ့ ညနေ ၅ နာရီခွဲခန့်က ယာဉ်တစ်စီး တိမ်းမှောက်ခဲ့ခြင်းဖြစ်ပြီး ကားအတွင်း လူ ၂ ဦး ညှပ်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

အဆိုပါ ယာဉ်မတော်တဆမှုမှ ထိခိုက်ဒဏ်ရာရရှိသူများအား ကလောမြို့နယ် မီးသတ်စခန်း၊ ဟဲဟိုးနယ်မြေ မီးသတ်စခန်းနှင့် အောင်ပန်း နယ်မြေ မီးသတ်စခန်းတို့မှ သန္ဓေမီးသတ် တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ် တပ်ဖွဲ့ဝင်များက မီးသတ်ယာဉ် ၂ စီးဖြင့် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ သွားရောက်ဆောင်ရွက် ခဲ့ရာ ယာဉ်ပေါ်ပါ အမျိုးသား ၂ ဦးအား ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ) ဖြင့် ကယ်ဆယ်နိုင်ခဲ့ပြီး အင်းခေါင်း လူမှုကယ်ဆယ်ရေးအသင်း ယာဉ်ဖြင့် ဟဲဟိုးတိုက်နယ်ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

.

#ShanGazette #HeHo #Accident

.

No comments:

Post a Comment