Wednesday, April 1, 2026

🌸 ကျိုင်းတုံမြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြား ၆ ထောင် ဖမ်းမိ

.

ကျိုင်းတုံ၊ ဧပြီ ၂

.

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နယ်၊ ဝမ်ကျွမ်ကျေးရွာတွင် ယမန်နေ့ ဧပြီလ ၁ ရက်၊ နေ့လယ်ပိုင်းက စိတ်ကြွရူးသွပ်ဆေးပြား ၆ ထောင်အား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

.

.

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ဧပြီလ ၁ ရက်၊ နေ့လယ် ၂ နာရီအချိန်ခန့်တွင် ကျိုင်းတုံမြို့နယ်၊ ဝမ်ကျွမ်ကျေးရွာနေ စိုင်းလုံတစ်(ခ)စိုင်းပုံ ၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ ၎င်းထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၆,၀၀၀ ပြား၊ ဒေသကာလတန်ဖိုး ငွေကျပ် ၄၂ သိန်းအား ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

အဆိုပါ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိမှုနှင့် ပတ်သက်၍ စိုင်းလုံတစ် (ခ) စိုင်းပုံ အား ကျိုင်းတုံမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားပြီး ကွင်းဆက်များ ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

.

#ShanGazette #KyaingTong #Drugs

.

No comments:

Post a Comment