Wednesday, April 1, 2026

🌸 တောင်ကြီးမြို့၊ ကံကြီးနှင့် ရေအေးကွင်းတို့တွင် တောမီးလောင်ကျွမ်းမှု ဖြစ်ပွား

.

တောင်ကြီး၊ ဧပြီ ၁

.

ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့၊ ကံကြီးရပ်ကွက်နှင့် ရေအေးကွင်းရပ်ကွက်တို့တွင် ယမန်နေ့ညနေပိုင်း နှင့် ယနေ့နံနက်ပိုင်းတို့က တောမီးလောင်ကျွမ်းမှု တစ်ကြိမ်စီ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

.

.

တောင်ကြီးမြို့၊ ရေအေးကွင်းရပ်ကွက်၊ ဓာတုဝိနယရာဇာမုနိစေတီတော်အနီးတွင် ယမန်နေ့ မတ်လ ၃၁ ရက်၊ ညနေ ၄ နာရီခွဲခန့်က ကိုင်းတော မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

မီးလောင်မှု ဖြစ်ပွားရာသို တောင်ကြီးမြိုနယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် ၁ စီး၊ သန္ဓေမီးသတ် တပ်ဖွဲဝင်များ၊ အရန်မီးသတ်တပ်ဖွဲဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ညနေ ၅ နာရီခွဲခန့်တွင် မီးငြိမ်းသွား ခဲ့ကြောင်း သိရသည်။

.

အလားတူ ယနေ့ ဧပြီလ ၁ ရက်၊ နံနက် ၉ နာရီခွဲခန့်က တောင်ကြီးမြို့၊ ကံကြီးရပ်ကွက်တွင် တောမီးလောင်ကျွမ်းမှုတစ်ခု ထပ်မံဖြစ်ပွားကြောင်း သိရသည်။

.

အဆိုပါ မီးလောင်မှုကို တောင်ကြီးခရိုင်မီးသတ်ဦးစီးမှူးရုံးမှ အုပ်ချုပ်မှုယာဉ် ၁ စီး၊ မီးငြှိမ်းသတ်ယာဉ် ၁ စီး၊ သန္ဓေမီးသတ်တပ်ဖွဲဝင်များ၊ အရန်မီးသတ်တပ်ဖွဲဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ၉ နာရီ ၄၅ မိနစ် ခန့်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

.

မီးလောင်မှုနှင့် သဘာဝဘေးအန္တရာယ်များ၊ အခြားရုတ်တရက်ဖြစ်ပွားသော ဘေးအန္တရာယ်များ ကြုံတွေ့ ပါက မီးသတ်ဦးစီးဌာန၏ အရေးပေါ်ဖုန်းနံပါတ်များသို ဆက်သွယ်သတင်းပေးပို အကူအညီတောင်းခံနိုင် ကြောင်း မီးသတ်တပ်ဖွဲက ထုတ်ပြန်ထားသည်။

.

#ShanGazette #Taunggyi #Fire

.

No comments:

Post a Comment