Wednesday, April 1, 2026

🌸 တောင်ကြီးမြို့၊ ဂနိုင်ရွေးရွာတွင် နေအိမ်တစ်လုံး မီးလောင်

.

တောင်ကြီး၊ ဧပြီ ၂

.

တောင်ကြီးမြို့၊ ကံကြီးရပ်ကွက်၊ ဂနိုင်ရွေးရွာရှိ နေအိမ်တစ်လုံးတွင် ယနေ့ ဧပြီလ ၂ ရက်၊ နံနက်ပိုင်း က မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

.

.

“လူမနေတဲ့အိမ်လို့တော့ သိရပါတယ်။ ဘာကြောင့်လောင်လဲ မသိပါဘူး” ဟု ဒေသခံတစ်ဦးက ကမ္ဘောဇတိုင်း သို့ ပြောသည်။

.

အဆိုပါကိစ္စနှင့် ပတ်သက်၍ တောင်ကြီးမြိုနယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူက မဟုတ်မှန်ကြောင်းနှင့် သတင်းမရရှိသေးကြောင်း ဖြေကြားခဲ့သည်။

.

မီးလောင်မှုနှင့် ပတ်သက်၍ ဖြစ်ပွားရသည့် အကြောင်းအရင်းနှင့် ပျက်စီးဆုံးရှုံးမှု အခြေအနေများကို မသိရှိရ သေးချေ။

.

#ShanGazette #Taunggyi #Fire

.

No comments:

Post a Comment