.
တောင်ကြီး၊ ဧပြီ ၁၃
.
တောင်ကြီးမြို့၏ ၁၃၈၇ ခုနှစ်၊ နှစ်သစ်ကူးမဟာသင်္ကြန်
ဗဟိုမဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်ပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယနေ့ ဧပြီလ ၁၃
ရက်၊ ညနေပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။
.
.အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့
ပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုး က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်
ဦးစိုင်းထိန်စိုး၊ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးစိုင်းလုံကျော်၊ ပြည်နယ်တရားလွှတ်တော်
တရားသူကြီးချုပ် ဦးသန်းဦးလွင်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တာဝန်ရှိသူများက
ဗဟိုမဏ္ဍပ်ကို ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
.
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်
ဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများ၊
တာဝန်ရှိသူများက အတာရေများ ပက်ဖြန်းပြီး ယိမ်းအကအဖွဲ့များက သင်္ကြန်အကအလှများဖြင့်
ဖျော်ဖြေတင်ဆက်ခဲ့ကြောင်း သိရသည်။
.
ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၊
တာဝန်ရှိသူများက လမ်းလျှောက်သင်္ကြန်ပွဲတော်ကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြောင်း
သိရသည်။
.
#ShanGazette #Taunggyi #ThinGyan
.

No comments:
Post a Comment