.
တောင်ကြီး၊ ဧပြီ ၂၂
.
ရှမ်းပြည်နယ်တောင်ပိုင်းဒေသ အပါအဝင် တိုင်းဒေသကြီးနှင့်
ပြည်နယ်အချို့တွင် ဧပြီလကုန်အထိ နေ့အပူချိန်များ ထပ်မံမြင့်တက်လာနိုင်ကြောင်း မိုးလေဝသနှင့်
ဇလဗေဒဦးစီးဌာနက ထုတ်ပြန်ကြေညာ ထားသည်။
.
.အဆိုပါဒေသများမှာ နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊
မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်း (အရှေ့ပိုင်း)၊ စစ်ကိုင်းတိုင်းဒေသကြီး၊
ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊
မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ် (တောင်ပိုင်း)တို့ဖြစ်ကာ ဧပြီလ၏ ပုံမှန်အပူချိန်ထက်
၁ ဒသမ ၅ ဒီဂရီ ဆဲလ်စီးယပ် ပိုမိုနိုင်ကြောင်း မိုးဇလ၏ ဧပြီလ တတိယ ၁၀ ရက်ပတ်အတွက် ခန့်မှန်းချက်တွင်
ဖော်ပြ ထားသည်။
.
မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်း (အနောက်ပိုင်း)၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊
ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်းနှင့် အရှေ့ပိုင်း) တို့တွင်မူ ဧပြီလ၏
ပျမ်းမျှအပူချိန်ခန့်သာ ရှိနိုင်ကြောင်း သိရသည်။
.
ထို့ပြင် ဧပြီ ၂၂ ရက်မှ ၂၇ ရက်အတွင်း
စစ်ကိုင်းတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ နေပြည်တော်၊
ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊
ဧရာဝတီတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊
ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာကွက်ကျား
မိုးထစ်ချုန်းရွာနိုင်ကြောင်း မိုးဇလ၏ ထုတ်ပြန်ချက်အရ သိရသည်။
.

No comments:
Post a Comment